မိုးမလုံတဲ့တဲအိမ်လေးတွေမှာနေထိုင်ရပြီး ဝမ်းရေးခက်ခဲနေတဲ့ဘိုးဘွားတွေဆီ လိုအပ်တာလေးတွေသွားရောက်လှူဒါန်းခဲ့တဲ့ ဆရာဝန်လေး

//s9.kh1.co/52/5250f21f2c0e0a299f703c929565f4e8cc70be15.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိုးမလုံတဲ့တဲအိမ်လေးတွေမှာနေထိုင်ရပြီး ဝမ်းရေးခက်ခဲနေတဲ့ဘိုးဘွားတွေဆီ လိုအပ်တာလေးတွေသွားရောက်လှူဒါန်းခဲ့တဲ့ ဆရာဝန်လေး

ပြည်သူလူထုကတော့ အခုချိန်မှာ မိမိတတ်ကျွမ်းထားတဲ့ပညာရပ်တွေနဲ့ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေကြတာဖြစ်ပါတယ်။ဆရာဝန်တချို့ဆိုရင်လည်း ခက်ခဲနေတဲ့ဒေသလေးတွေကို သွားရောက်ပြီး စေတနာ့ဆရာဝန်အဖြစ် ရောဂါတွေကုသပေးနေကြတာဖြစ်ပါတယ်။နယ်လှည့်ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ဆိုရင်ရောဂါတွေကုသပေးတဲ့အပြင် လိုအပ်နေတဲ့အိမ်ထောင်စုတွေအတွက် အခြေခံစားသောက်ကုန်တချို့ကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ကဆိုရင်လည်း မိုးမလုံတဲ့တဲအိမ်လေးတွေမှာနေထိုင်နေရပြီး ကျန်းမာရေးမကောင်းတဲ့အဘိုး၊အဘွားတွေဆီဆရာဝန်လေးက ဆန်များ၊ကြာဇံကြော်များနဲ့ ဆေးများကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အာရုံဆွမ်းခက်ခဲနေတဲ့ တောရကျောင်းမှ ဘုန်းဘုန်းတွေအတွက်လည်း တစ်နိုင်တစ်ပိုင်လေး ကပ်လှူခဲ့တာဖြစ်ပါတယ်။အခုချိန်မှာသက်ကြီးရွယ်အိုတွေလည်း သားသမီးကျောထောက်နောက်ခံမရှိတာကြောင့် ဝမ်းရေးအတွက် အဆင်မပြေမှုများစွာကိုကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာဝန်လေးရောက်နေတဲ့နေရာက ဒေသခံပြည်သူတွေကို သူ့ရဲ့ဆေးခန်းရှေ့မှာ အမြဲတမ်းလိုလို ဆန်ဝေပေးနေကျဖြစ်ပါတယ်။ကျန်းမာရေးနည်းစနစ်များနဲ့အညီ ဆန်ဝေပေးခဲ့ပေမယ့် တချို့သူတွေကတိုင်ကြားထားတာကြောင့် လက်ရှိမှာတော့ ဆရာဝန်လေးလည်း ဆေးခန်းရှေ့မှာ ဆန်ဝေပေးခြင်းကို ရပ်နားထားတာဖြစ်ပါတယ်။ဒါ့ကြောင့် နီးစပ်ရာအိမ်လေးတွေကို ကိုယ်တိုင်သွားရောက်ပြီး စေတနာအပြည့်နဲ့လှူဒါန်းပေးနေတဲ့ ဆရာဝန်လေးရဲ့ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T