တစ်လတစ်ခါ Period ဖြစ်ချိန်မှာ စိတ်ညစ်လွယ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်သင့်သလို ကိုယ့်စိတ်ကိုယ် အလိုလိုက်ပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပြီး ဇိမ်ကျကျနေသင့်ပါတယ်။ Period ဖြစ်ချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာလေးကို ဝေမျှပေးလိုက်ပါတယ်နော်
အားဆေးသောက်ပါ။
သွေးအားကောင်းဆေးတွေသောက်ပါ။ အာဟာရပြည့်အောင်စားပါ။ ကိုယ်က အားနည်းလာတာနဲ့ စိတ်က အလိုလို နေရခက်လာပါတယ်။ နေ့စဉ်ပုံမှန်အတိုင်း အချိန်မှန်အိပ် ၊ အချိန်မှန်စားဖို့လိုအပ်ပါတယ်။
ကိုယ်ကြိုက်တဲ့ Series လေးတွေကြည့်ပါ။
ဒီအချိန်မှာကြည့်ဖို့ ဇာတ်ကားတွေစုထားပါ။ တစ်ခုခုတွေးမိတော့မယ်ဆိုရင် ဒီကားတွေကြည့်ပါ။ တစ်ခြားဇာတ်ကားတွေကြည့်ရင်လည်း စိတ်ပေါ့ပေါ့လေးဖြစ်ဖို့ ကြိုးစားကြည့်ပါ။
ရေနွေးအိတ်ကပ်ပေးပါ။
နာကျင်ကိုက်ခဲတဲ့အခါ ဝမ်းဗိုက်နေရာကိုရေနွေးအိတ်ကပ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။
အစားအသောက်သတိထားပါ။
အဆီများတဲ့အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေက ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တာကြောင့် ရှောင်ကြဉ်ဖို့လိုပါမယ်။
လေ့ကျင့်ခန်းလုပ်ပေးပါ။
ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်းရပါတယ်။ ဒီလိုလုပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။