ရှန်ဟိုင်းမှာ (၁၄)ကြိမ်မြောက် တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းကြောင့် ဒေသခံ (၃)သိန်းကျော် အိုးအိမ်ကိုစွန့်ခွါပြီးဘေးလွတ်ရာကိုရွှေ့ပြောင်းနေတဲ့ ဗီဒီယို

//s9.kh1.co/86/860bd71f179999a0d063e948112302f55229e4f1.jpeg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရှန်ဟိုင်းမှာ (၁၄)ကြိမ်မြောက် တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းကြောင့် ဒေသခံ (၃)သိန်းကျော် အိုးအိမ်ကိုစွန့်ခွါပြီးဘေးလွတ်ရာကိုရွှေ့ပြောင်းနေတဲ့ ဗီဒီယို

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄)ရက်နေ့မှာတော့ ရှန်ဟိုင်းမှာ (၁၄)ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုင်ဖွန်းကို တရုတ်အခေါ်အဝေါ်အရ ချန်သူး(Chanthu) လို့ခေါ်ဝေါ်ကြပြီးစက်တင်ဘာလ (၁၃)ရက်နေ့၊ညပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။စက်တင်ဘာလ (၁၅)ရက်နေ့၊တနင်္လာနေ့ညမှာတော့ ရှန်ဟိုင်းမြို့၊အရှေ့ဘက်ကီလိုမီတာ ၁၀၀ နှင့် ၂၀၀ကီလိုမီတာအကြားပင်လယ်ရေပြင်တွင် အားလျော့သွားတယ်လို့ ရှန်ဟိုင်းမိုးလေဝသသတင်းဌာနက ကြောငြာခဲ့တာဖြစ်ပါတယ်။

Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News

တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ မိုးရေချိန် ၂၅၀မီလီမီတာအထိ ရှိလိမ့်မယ်လို့ ရှန်ဟိုင်းရဲ့ကျွမ်းကျင်ပညာရှင်အချို့ကခန့်မှန်းထားကြတာဖြစ်ပါတယ်။မုန်တိုင်းဒဏ်ကိုခံနိုင်ရည်ရှိရန်အတွက် ခရီးသွားနေရာဌာန (၁၁၂) နေရာကိုလည်းဒေသအာဏာပိုင်များက ယာယီပိတ်သိမ်းခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်မှာရှိတဲ့မိုးလေဝသဌာနက တနင်္လာနေ့မွန်းလွဲပိုင်းတွင် တိုင်ဖွန်း (Chanthu) အတွက်တတိယအမြင့်ဆုံးအဝါရောင်သတိပေးချက်ကိုထုတ်ပြန်ခဲ့သေးတာဖြစ်ပါတယ်။

Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News

ဒါ့ကြောင့် Jiangsu ပြည်နယ်၊Nantong မြို့ရှိ ပညာရေးအာဏာပိုင်များက အင်္ဂါနေ့တွင် မူကြိုကျောင်းများ၊မူလတန်းနှင့်အထက်တန်းကျောင်းများကို အတန်းများရပ်ဆိုင်းရန်အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။အခုလိုမုန်တိုင်းအခြေအနေကြောင့် ရှန်ဟိုင်းတွင် လူ (၃၃၃,၀၀၀)နီးပါးကို တာဝန်ရှိသူတွေက ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။(၁၄)ကြိမ်မြောက် တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ အခြေအနေကို ဗီဒီဖိုင်နဲ့တကွ ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။

Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News
Photo Credit:China Xinhua News

Source&Video Credit:China Xinhua News

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T