(၈)ဂိုး၊(၂)ဂိုးနဲ့ ဘိုင်ယန်အသင်းကို ရှုံးနိမ့်ခဲ့အပြီး ယခုတစ်ကြိမ်တွေ့ဆုံချိန်မှာလည်း (၃)ဂိုးပြတ်အရှုံးပေးခဲ့ရပြန်တဲ့ ဘာစီလိုနာအသင်း

//s9.kh1.co/04/049f1f1cf02e33ec1453b8db54d91c89ce647bcb.jpg
အားကစားသတင်းများ

 ၁၅-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

(၈)ဂိုး၊(၂)ဂိုးနဲ့ ဘိုင်ယန်အသင်းကို ရှုံးနိမ့်ခဲ့အပြီး ယခုတစ်ကြိမ်တွေ့ဆုံချိန်မှာလည်း (၃)ဂိုးပြတ်အရှုံးပေးခဲ့ရပြန်တဲ့ ဘာစီလိုနာအသင်း

စက်တင်ဘာလ (၁၅)ရက်နေ့ ယနေ့မှာတော့ ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ချန်ပီယံလိဒ်ပွဲစဥ်အဖြစ် နူးကမ့်ကွင်းကြီးမှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ ဘိုင်ယန်အသင်းက လူစုံထုတ်သုံးလာခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ဒဏ်ရာရရှိနေတဲ့ ဝါရင့်ကစားသမားတွေကြောင့် လူငယ်တွေကိုသာ ပွဲထုတ်လာခဲ့ပါတယ်။ ဘိုင်ယန်အသင်းကတော့ ပြိုင်ဘက်အသင်းရဲ့ အိမ်ကွင်းမှာ လာကစားရတာဖြစ်ပေမယ့် ​ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘိုင်ယန်အသင်းရဲ့ တိုက်စစ်မှူးလီဝန်ဒေါ့စကီးက ဒုတိယပိုင်းမှာ နှစ်ဂိုးအထိ သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းက ​ချေပဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်အသင်းတို့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုပွဲစဥ်မတိုင်ခင်တုန်းကလည်း ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဒ်မှာ တွေ့ဆုံခဲ့ဖူးပြီး (၈)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သေးတာ ဖြစ်ပါတယ်။ (၈)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ပွဲစဥ်တုန်းက ဘာစီလိုနာအသင်းဟာ မီဒီယာတွေ၊ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို အတော်လေးခံခဲ့ရသေးတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဘိုင်ယန်အသင်းအတွက်ဂိုးတွေကိုတော့ သောမတ်မူလာက ပွဲချိန်(၃၄)မိနစ်မှာ သွင်းယူပေးခဲ့သလို လီဝန်ဒေါ့စကီးကလည်း ပွဲချိန်(၅၆)မိနစ်၊(၈၅)မိနစ်တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ယခုရှုံးပွဲကြောင့် အုပ်စုအဆင့်ရဲ့ အောက်ဆုံးနေရာဖြစ်တဲ့ အဆင့်(၄)နေရာကို ရောက်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ လာလီဂါအမှတ်ပေးဇယားမှာလည်း အဆင့်(၇)နေရာအထိ ရောက်ရှိနေတာဖြစ်လို့ နည်းပြရော်နယ်ကိုးမန်းတစ်ယောက် အသင်းကို ​ဘယ်လိုပုံစံ​ကောင်းရရှိအောင် စွမ်းဆောင်ပေးမလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T