အိမ်ကနေထွက်လာတဲ့စိတ်ဝေဒနာရှင်လူငယ်လေးကို မိသားစုထံ ပြန်လည်လိုက်ပို့ပေးပြီး တတပ်တအားကူညီပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့

//s9.kh1.co/d7/d71768474fcdb38f1554ac0af08bdc713246a393.jpeg
နေ့စဉ်သတင်းများ

 ၁၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ကနေထွက်လာတဲ့စိတ်ဝေဒနာရှင်လူငယ်လေးကို မိသားစုထံ ပြန်လည်လိုက်ပို့ပေးပြီး တတပ်တအားကူညီပေးခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့

မြန်မာပြည်သူတွေရဲ့ စိတ်ရင်းအခံကရိုးသားပြီး တစ်ခြားသူအပေါ်ကူညီဖေးမပေးတတ်တာကြောင့် တချို့သူတွေဆိုရင် ပရဟိတအသင်းတွေကို တည်ထောင်ထားတာဖြစ်ပါတယ်။ဒီကာလမှာ ပရဟိတအဖွဲ့တွေထဲ တချို့လူငယ်လေးတွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ကြပါတယ်။ပုလဲအရန်မီးသတ်တပ်ဖွဲ့က မီးသတ်ဝန်ထမ်းတွေကတော့ ပြည်သူတိုင်းရဲ့အခက်အခဲ၊ဒုက္ခတွေကို ကူညီဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာ ပုလဲအရန်မီးသတ်တပ်ဖွဲ့က စေတနာရှင်တွေရဲ့ပံ့ပိုးမှုနဲ့ အလှူအတန်းတွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင် လူပျောက်နေတဲ့သူတွေက အကူအညီတောင်းလာရင်လည်း တတ်နိုင်သလောက်ရှာဖွေပေးပြီးမိသားစုထံပြန်လည်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ဒီနေ့မှာလည်း စိတ်ဝေဒနာရှင်လူငယ်လေးတစ်ဦးပျောက်နေခဲ့တာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဓာတ်ပုံပိုင်ရှင်လူငယ်လေးကိုသိရင် ကူညီပေးကြဖို့တင်လာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီလိုတင်ပြီး (၅)နာရီအကြာမှာ စိတ်ဝေဒနာရှင်လူငယ်လေးကို ပြန်တွေ့ခဲ့ပြီး သူ့ရဲ့ဦးလေးလာခေါ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့လည်းအိမ်ပြန်ပို့ပေးတာဖြစ်ပါတယ်။စိတ်ဝေဒနာရှင်လူငယ်လေးလည်း လူကောင်းတွေနဲ့တွေ့ခဲ့လို့သာ အိမ်ကို ချောချောချူချူပြန်ရောက်ခဲ့တာဖြစ်ပါတယ်။ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အစွမ်းကုန်ကူညီပေးတဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ကိုလေးစားမိတာကြောင့် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T