ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ “what happened to the wolf” ရုပ်ရှင်ဇာတ်ကားကြီးဟာ Oldenburg International Film Festival တွင် ပါ၀င်ပြသခွင့်ရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာဆိုရင် သရုပ်ဆောင်ပိုင်းကို အလွန်ပိုင်နိုင်ကျွမ်းကျင်လှတဲ့ မင်းသမီး(၂)လက်ဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသု တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လွင်မိုး၊ အောင်မြင့်မြတ်၊ကျော်ထက်အောင်နှင့်အခြားသရုပ်ဆောင်များ က Special Guest အနေနဲ့ ပါဝင်ထားကြတာဖြစ်ပါတယ်။
Oldenburg International Film Festival ပွဲတော်ကို ဂျာမနီနိုင်ငံ ၊ Oldenburg မြို့မှာ စက်တင်ဘာ ၁၅ ရက် မှစတင်ကာ စက်တင်ဘာ ၁၉ ရက်ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဆိုပါ ပွဲတော်မှာဆိုရင် Independent Filmmakers များရဲ့ ပုံမှန်နှင့် မတူကွဲပြားခြားနားတဲ့ အမြင်နဲ့ ထုတ်ဖော်ရိုက်ကူးမှုများကို ထောက်ပံ့အားပေး ချီးမြှောက်ရန်၊ နောက်ပြီး အနုပညာသမားများ၏ ဖန်တီးနိုင်အားကို ဂုဏ်ပြုရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။"What happened to the Wolf" ဇာတ်ကားဟာဆိုရင် Official Competition အတွက် ရွေးချယ်ခြင်းခံထားရတာဖြစ်ပြီး World Premiere အဖြစ်ပြသသွားမှာဖြစ်ပါတယ်။အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်သည့် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ဟာလည်း အဆိုပါ ရုပ်ရှင်ပွဲတော်ရဲ့ Seymour Cassel Award for Outstanding Performance အတွက် Nomination ဆန်ကာတင်စာရင်းမှာ ပါဝင်လျက်ရှိပါတယ်။
ဒါ့အပြင် နိုင်ငံတကာက "What happend to the wolf" ကိုကြည့်ပြီးတဲ့ပရိတ်သတ်တွေရဲ့ ပြန်လည်ပြောဆိုချက်အရ ဇာတ်ကားရဲ့အဆုံးသတ်မှာ kiss scene က LGBTQ ကို ရည်ညွှန်းကြောင်းအတည်ပြုသွားပါတယ်။ပရိတ်သတ်တွေကလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံး GL ရုပ်ရှင်ဇာတ်ကားကြီးမို့ အလွန်ပင်စိတ်ဝင်စားလျက်ရှိကြောင်းဖော်ပြခဲ့ကြပါတယ်။ ဇာတ်ကားထဲက ပုံရိပ်လေးတွေကြည့်ရှုရင်း ကိုဏကြီး၊အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုတို့ကို အားပေးဂုဏ်ပြုလိုက်ကြရအောင်နော်။