ပြီးခဲ့တဲ့လက မိဘမဲ့ကျောင်းမှာ သွားရောက်လှူဒါန်းရင်း ချစ်စရာကလေးငယ်တွေကို မေတ္တာတရားအပြည့်နဲ့ ပွေ့ချီပြီး ဂရုစိုက်ပေးခဲ့တဲ့ နီနီခင်ဇော်

//s9.kh1.co/83/837f72b7e5800b7c7df0d53756e251256ea97c83.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြီးခဲ့တဲ့လက မိဘမဲ့ကျောင်းမှာ သွားရောက်လှူဒါန်းရင်း ချစ်စရာကလေးငယ်တွေကို မေတ္တာတရားအပြည့်နဲ့ ပွေ့ချီပြီး ဂရုစိုက်ပေးခဲ့တဲ့ နီနီခင်ဇော်

အဆိုတော်နီနီခင်ဇော်ကတော့ ဂီတလောကမှာ အောင်မြင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ်။နွေဦးတော်လှန်ရေးမှာဆိုရင်လည်း သူမက တတပ်တအားပါဝင်အားဖြည့်ပေးခဲ့တာကြောင့် ပရိသတ်တွေကပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။ဒါ့အပြင် နီိနီခင်ဇော်ကသူမတက်ကျွမ်းထားတဲ့ဆေးပညာရပ်နဲ့လည်း လူနာတွေကို စေတနာထားပြီး ကုသပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 

ပြီးခဲ့တဲ့လ (၃၁)ရက်နေ့ကတော့ သူမရဲ့ (၃၀)ပြည့်နှစ်မွေးနေ့ဖြစ်လို့ အဲ့ဒီတစ်ရက်လုံး ကုသိုလ်ကောင်းမှုတွေနဲ့ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။မွေးနေ့မတိုင်ခင် ဩဂုတ်လ (၂၉)ရက်နေ့ကတည်းက လှိုင်သာယာ၊မျိုးဆက်သစ်မိဘမဲ့ ပရဟိတကျောင်းမှာ အလှူတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။နီနီခင်ဇော်ကတော့ ကလေးတွေအတွက် အရုပ်လေးတွေ၊မုန့်လေးတွေကိုလည်း ဝေပေးခဲ့တာဖြစ်ပါတယ်။ကလေးတွေက မိဘမေတ္တာမရခဲ့ကြတဲ့သူတွေဖြစ်လို့လာလှူကြတဲ့သူတွေကိုခင်တွယ်တတ်နေတာဖြစ်ပါတယ်။

Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 

ဒါ့ကြောင့် နီနီခင်ဇော်ကလည်း ကလေးတွေနဲ့တွေ့ဆုံချိန်မှာ ဂရုစိုက်ပေးပြီး မေတ္တာတရားအပြည့်နဲ့ ပွေ့ချီပေးခဲ့တာဖြစ်ပါတယ်။ကလေးတွေအကုန်လုံးကလည်း ရင်ခွင်ပိုက်အရွယ်လေးတွေဖြစ်လို့ မေတ္တာတရားကိုတောင့်တကြပါတယ်။အခုလိုမျိုး အကူအညီလိုအပ်နေတဲ့နေရာလေးမှာ သူမရဲ့မွေးနေ့အကြိုအလှူအဖြစ် တတ်နိုင်သလောက်သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော်နီနီခင်ဇော်ရဲ့ ပုံရိပ်တချို့ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 
Photo Credit:KMA Photography 

Source&Photo Credit:Ni Ni Khin Zaw’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T