Channel 7 မှာ ယခု ပြသနေတဲ့ My Ambulance ဆိုတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲလေးဟာ ခေတ်စားနေပါတယ်။အထူးသဖြင့် ပရိတ်သတ်တွေက ဒီဇာတ်လမ်းတွဲထဲက အသားဖြူဖြူနဲ့ ခန့်ညားတဲ့ ဒေါက်တာပန်ကို ပိုလို့ စိတ်ဝင်စားနေကြပါတယ်။ဒီနေ့မှာတော့ ဒေါက်တာပန်ရဲ့ အကြောင်းလေးတွေကို သိသလောက်မျှဝေပေးပါရစေ။သူ့ရဲ့ အမည်ရင်းကတော့ Sunny Suwanmethanont ပါ။အများစုကတော့ Sunny ဆိုပြီးခေါ် ကြပါတယ်။သူ့ကို May (18)ရက် 1981 (တနင်္လာနေ့) မှာမွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အသက်ဟာ (၄၀)ပြည့်သွားပြီဖြစ်ပါတယ်။အသက် (၄၀) လို့မထင်ရအောင် နုပျိုလွန်းတဲ့ ဦးရဲ့ Zodiac Sign ကတော့ Taurus ပါ ။
အဖေဖြစ်သူကတော့ ထိုင်း-စင်ကာပူ ကပြားဖြစ်ပြီး အမေကတော့ပြင်သစ်လူမျိုးပါ။ယုံကြည်ကိုးကွယ်မှုကတော့ ကပြား တွေမှာဖြစ်တတ်တဲ့အတိုင်း ဘာသာမဲ့ ဖြစ်ပါတယ်။ သူ့ မှာ မွေးချင်း(၃)ယောက်ရှိတာဖြစ်ပြီး သူကတော့ အငယ်ဆုံး ဖြစ်ပါတယ်။သူ့မှာ Michael Suwan" ဆိုတဲ့ အစ်ကိုတစ်ယောက်နဲ့ "pawenee (pam)Suwan"ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။
သူ့ရဲ့ အရပ်အမြင့်ကတော့ 6'1" ရှိပြီး ကိုယ်အလေးချိန်ကတော့ 65kg ရှိပါတယ်။သူဟာ အထက်တန်းကိုတော့ Surasakmontree School မှာတက်ရောက်ခဲ့ပါတယ်။သူ့ရဲ့ အမုန်းဆုံးဘာသာရပ်ကတော့ သင်္ချာ ပဲဖြစ်ပါတယ်။ဒါကြောင့်လည်း သင်္ချာတွက်စရာမလိုတဲ့ Assumption University ကနေ Communication Arts မေဂျာနဲ့ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးသွားတော့မော်ဒယ်အဖြစ် ကြော်ငြာတွေမှာသရုပ်ဆောင်ခဲ့သလို ညဘက်ဆိုသူ့သူငယ်ချင်းတီးဝိုင်း Kingkong Project နဲ့ ဘားတွေမှာဖျော်ဖြေခဲ့ဖူးတယ်လို့လည်းဆိုပါတယ်။နောက်ပိုင်းမှာတော့ Professional အနေနဲ့ မော်ဒယ်နဲ့ မင်းသားအဖြစ် လုပ်ကိုင်နေပါတယ်။ I am fine, thank you , Mr.Hurt , Brother of the year အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာလည်း သူ့ရဲ့ လူသိများကျော်ကြားတဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။
အားလုံးသိချင်ကြတဲ့ အကြောင်းအရာရောက်ပါပြီ။အချစ်ရေးနဲ့ပတ်သက်ပြီး သူက အခုထိ single ပါပဲတဲ့။ "အိမ်ထောင်ပြုခြင်းဟာဘဝကိုရှုပ်ထွေးစေပြီး လူ နှစ်ယောက် ဟာ တစ်ယောက်ကိုတစ်ယောက်ပိုင်ဆိုင်လိုစိတ်တွေမရှိဘဲ အတူတူနေထိုင်သွားနိုင်ရင် အကောင်းဆုံးပဲ" လို့သူက ဆိုပါတယ်။ ဒီအတွေးအခေါ်ကြောင့်လည်းသူ့မှာရည်းစားမရှိတာလို့လည်းပြောပါသေးတယ်။ဒါ့အပြင် သူက ကြောင်ချစ်သူလေးပါ။ ကြောင်လေးတွေရဲ့အပြုအမူကရယ်ရတယ်လို့ထင်ပြီး သူတို့သွားလာလှုပ်ရှားနေပုံကိုကြည့်ရတာ သဘောကျပါသတဲ့။သူ့ရဲ့ Instagram မှာဆိုရင်လည်း ကြောင်ပုံလေးတွေကို တကူးတကတင်ထားတာတွေ့ရမှာပါ။ဒီတော့ သင်ဟာ ကြောင်လည်းချစ်တတ်တယ်ဆိုရင်တော့ idol ဒေါက်တာပန် နဲ့ နီးစပ်ဖို့ ပိုအခွင့်အလမ်းများနေပါပြီ။တည်ကြည်လွန်းတဲ့ ဒေါက်တာပန်ရဲ့ ပုံလေးတွေကို ကြည့်ရှုခံစားလို့ရအောင်လည်း ထည့်သွင်းဖော်ပြလိုက်ပါတယ်။