လွတ်မြောက်နယ်မြေမှာ ဘာမှမလုပ်ဘဲ အလှူခံစားနေတယ်လို့ ပြောနေသူတွေရှိတာကြောင့် သေသေချာချာရှင်းပြလာတဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/ba/ba90156cd10579d31a76425a12c3af556eed4d05.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လွတ်မြောက်နယ်မြေမှာ ဘာမှမလုပ်ဘဲ အလှူခံစားနေတယ်လို့ ပြောနေသူတွေရှိတာကြောင့် သေသေချာချာရှင်းပြလာတဲ့ PDF ရဲဘော်တစ်ဦး

ပြည်သူတွေအားလုံးတောင့်တနေတဲ့နေ့သစ်ကိုရောက်ဖို့ရာအတွက် PDF ရဲဘော်တွေက အနစ်နာခံပြီးကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ထောက်ပံ့နိုင်တဲ့နေရာကနေ ထောက်ပံ့ပေးပြီး တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာ စီးပွါးရေးကြပ်တည်းကြပေမယ့် ကိုဗစ်အတွက်ဆိုလည်းလှူဒါန်းကြသလို PDF တွေအတွက်ဆိုလည်း လက်မနှေးကြတာဖြစ်ပါတယ်။ပြည်သူတွေက အစွမ်းကုန်ကူညီကြပေမယ့်တချို့လွတ်မြောက်နယ်မြေတွေမှာလည်း မပြည့်မစုံနဲ့ရင်ဆိုင်နေရတာတွေရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့လူတွေက PDF တွေကို ဘာမှမလုပ်ဘဲ အလှူခံစားနေတယ်လို့ ပြောဆိုနေတာတွေရှိတာကြောင့်ရဲဘော်တစ်ဦးက သေချာရှင်းပြလာတာဖြစ်ပါတယ်။သူတို့ရောက်ရှိနေတဲ့နယ်မြေက တခြားသောနယ်မြေတွေနဲ့မတူဘဲ အဖွဲ့ပေါင်းစုံရှိနေတာကြောင့် ကိုယ့်သဘောအတိုင်းဆောင်ရွက်လို့မရတာပဲဖြစ်ပါတယ်။သူတို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ PDF လူငယ်လေးတွေကိုလည်း သေချာပြန်လေ့ကျင့်ပေးနေရတာဖြစ်ပါတယ်။သူတို့နယ်မြေမှာ မတိုက်သေးပေမယ့် တချို့တိုက်နေတဲ့နေရာတွေကို ရဲဘော်တွေလွှတ်ပေးနေတယ်လို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေလှူကြတဲ့ အလှူငွေတွေကို ကိုယ်ကျိုးအတွက်မသုံးပစ်ဘဲ လက်နက်ခဲယမ်း၊စစ်ဝတ်စုံ၊စားနပ်ရိက္ခာ နဲ့စခန်းအတွက်လိုအပ်တာတွေလေးတွေကို သုံးစွဲတာဖြစ်ပါတယ်။သူတို့ရဲ့စခန်းကိုရောက်ဖူးတဲ့ တချို့အလှူရှင်တွေသိကြပါတယ်ဆိုပြီး စာထဲမှာရေးသားထားပါတယ်။ပြည်သူတွေသိအောင် အကုန်လုံးချပြလို့မရတဲ့အနေအထားဖြစ်တာကြောင့် "ဘယ်လိုလုပ်မှ ကျွန်တော်တို့အပြစ်လွတ်မှာလဲ "ဆိုပြီး တချို့ပြည်သူတွေ အထင်လွဲနေတာကိုရှင်းပြလာခဲ့တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T