(၁)နှစ်မှာ (၄)ကြိမ်သာလျှင် တိုက်တိုက်ဆိုင်ဆိုင်တွေ့မြင်ရမယ့် ဘူရီရမ်မြို့နယ်က ရှေးဟောင်းခမာကျောင်းတော်ရဲ့ တံခါးပေါက် (၁၅) ခုတိတိ မှ နေဝင်ချိန်

//s9.kh1.co/13/1301a1f49f12a610eca84ecefbddf4413319b70f.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

(၁)နှစ်မှာ (၄)ကြိမ်သာလျှင် တိုက်တိုက်ဆိုင်ဆိုင်တွေ့မြင်ရမယ့် ဘူရီရမ်မြို့နယ်က ရှေးဟောင်းခမာကျောင်းတော်ရဲ့ တံခါးပေါက် (၁၅) ခုတိတိ မှ နေဝင်ချိန်

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာလည်း ယဉ်ကျေးမှုအငွေ့အသက်တွေလွှမ်းခြုံနေတာဖြစ်လို့သမိုင်းဝင်နေရာတွေလည်းများစွာရှိပါတယ်။ထိုင်းနိုင်ငံရဲ့ Buri Ram မြို့နယ်ကတော့ ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိစပ်နေတာဖြစ်ပြီး ရှေးဟောင်းခမာကျောင်းတော်များလည်း သမိုင်းဝင်ကျန်ရစ်နေဆဲဖြစ်ပါတယ်။ Prasat Hin Phanom Rung လို့ခေါ်ဝေါ်ကြပြီး (၁၀)ရာစုမှ (၁၃)ရာစုအတွင်း Shiva နတ်ကွန်းအဖြစ်တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းခမာအထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သုခုမဌာနရဲ့အဆိုအရ Phanom Rung ဆိုတဲ့အမည်ကိုခမာစကားလုံး "wanang rung" မှရယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကားလုံးကတော့ "ကြီးမားသောတောင်ကိုဆိုလိုတာဖြစ်တယ်လို့ ကမ္ပည်းစာမှာရေးသားထားတာဖြစ်ပါတယ်။ရှေးဟောင်းခမာကျောင်းတော်တွေကတော့ Buri Ram ရှိ ထိပ်တန်းနေရာများထဲမှတစ်ခုပဲဖြစ်ပါတယ်။ယခုနှစ်အောက်တိုဘာလ (၅)ရက်၊ (၇)ရက်နေ့များတွင် Prasat Hin Phanom Rung ရဲ့တံခါး ၁၅ ပေါက်မှ ထူးခြားတဲ့နေဝင်ချိန်အလှကို ရှု့စားရမှာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီလိုဖြစ်စဉ်ကတော့ တစ်နှစ်မှာလေးကြိမ်သာလျှင်ဖြစ်ပွါးပြီး ဧပြီလ( ၃-၅ )မှ စက်တင်ဘာလ (၈-၁၀) ကြားတွင်ဖြစ်ပြီး မတ်လ (၅-၆) မှအောက်တိုဘာ (၅-၇) အကြားပဲဖြစ်ပါတယ်။ဒီလိုမျိုး နေဝင်ချိန်အလှကို ခရီးသွားဧည့်သည်တွေကလည်း ညနေ (၅:၃၀) မတိုင်မီ အရောက်သွားပြီး စောင့်ကြည့်ကြပါတယ်။ထိုင်းနိုင်ငံရဲ့ အလှအပတစ်ခုဖြစ်တဲ့ သမိုင်းဝင်နေရာကို သွားရောက်ရင်း အောက်တိုဘာလမှာ နေဝင်ချိန်အလှကိုကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source:Bangkok Post

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T