ခါးပတ်တွေနဲ့ ရိုက်နှက်ပြီး ထိုးကြိတ်ခဲ့ကြတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လက်စတာအသင်းပရိသတ်တွေနဲ့ နာပိုလီပရိသတ်တွေရဲ့ ရန်ပွဲဗီဒီယိုဖိုင်

//s9.kh1.co/ee/eef3ea597e1b8309eda60cba72ea814726955f2b.jpg
အားကစားသတင်းများ

 ၁၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ခါးပတ်တွေနဲ့ ရိုက်နှက်ပြီး ထိုးကြိတ်ခဲ့ကြတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လက်စတာအသင်းပရိသတ်တွေနဲ့ နာပိုလီပရိသတ်တွေရဲ့ ရန်ပွဲဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၇)ရက်နေ့ ယနေ့မနက်မှာတော့ လက်စတာစီးတီးအသင်းနဲ့ နာပိုလီအသင်းတို့ ယူရိုပါလိဒ်ပွဲစဥ်အဖြစ် King Power အားကစားကွင်းကြီးမှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။အဆိုပါပွဲစဥ်မှာ လက်စတာအသင်းတို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ဆက်လက်မထိန်းသိမ်းနိုင်တာကြောင့် သရေတစ်မှတ် ခွဲပေးခဲ့ရပါတယ်။ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့အပြင် ပွဲပြီးခါနီးအချိန်မှာ လက်စတာကွင်းလယ်လူဖြစ်တဲ့ Ndidi တစ်ယောက် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လက်စတာအသင်းတို့ ပွဲချိန် မိနစ်(၆၀)ကျော်အထိ ဦးဆောင်ကစားနိုင်ခဲ့တာ ဖြစ်ပေမယ့် နာပိုလီအသင်းရဲ့ တိုက်စစ်မှူး Osimhen ကချေပဂိုးတွေသွင်းခဲ့လို့ ပွဲပြီးဆုံးချိန်မှာ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ နာပိုလီပရိသတ်တွေနဲ့ လက်စတာအသင်းပရိသတ်တွေအကြား ခိုက်ရန်ဖြစ်ပွားနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ထက် ထွက်ပေါ်လာခဲ့ပါတယ်။ပွဲပြီးခါနီး (၈၇)မိနစ်ကျမှ ချေပဂိုးပေးလိုက်ရလို့ လက်စတာပရိသတ်အချို့က ဒေါသထွက်ပြီး  နာပိုလီပရိသတ်တွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ရာကနေ ယခုလိုရန်ပွဲ ဖြစ်ပွားခဲ့တာ​ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လက်စတာပရိသတ်တွေနဲ့ နာပိုလီပရိသတ်တွေ အချင်းချင်း ထိုးကြိတ်ခဲ့ကြသလို ခါးပတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ ကွင်းအတွင်းမှာရှိတဲ့ လုံခြုံရေးတွေက အမြန်ဆုံးလာရောက်ပြီး အဆိုပါရန်ပွဲကို ထိန်းသိမ်းနိုင်ခဲ့လို့ မိနစ်အနည်းငယ်အတွင်း ရန်ပွဲ ပြီးဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ပွဲပြီးဆုံးချိန်မှာ ရန်ပွဲဆင်နွှဲနေကြတဲ့ လက်စတာအသင်းပရိသတ်တွေနဲ့ နာပိုလီအသင်းပရိသတ်တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T