ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် တစ်ယောက်တည်းဘဝမှာ အသားမကျနိုင်သေးဘဲ လွမ်းတဲ့အကြောင်းရင်ဖွင့်လာတဲ့ ရွှေရည်သိန်းတန်

//s9.kh1.co/9f/9fd805f4c4c5fcd714e970f2b7cba3800fa90a05.png
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ဂျူလိုင်အကုန်ပိုင်းလောက်မှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ရွှေရည်သိန်းတန်ဟာ လက်ရှိအချိန်ထိ တစ်ကိုယ်တည်းဘဝမှာ အသားမကျသေးပါဘူး။ ခင်ပွန်းကို နေ့စဉ်နဲ့အမျှသတိရနေပြီး မကြာခဏဆိုသလို ချစ်ရသူအတွက် ရည်စူးကုသိုလ်လေးတွေလုပ်ပေးနေခဲ့ပါတယ်။ အတူတူရှိခဲ့တဲ့ အချိန်တွေ ကြာလာလေ သံယောဇဉ်တွယ်လာလေမို့ အခုလိုရုတ်တရက်ကြီးခွဲခွာလိုက်ရချိန်မှာတော့ သူမအတွက် အတော်လေးကိုခက်ခဲခဲ့ပါတယ်။

Photo Credit - Shwe Yee Thein Tan's FB Acc
Photo Credit - Shwe Yee Thein Tan's FB Acc

ချစ်ရသူနဲ့ရှင်ကွဲကွဲခဲ့ရင်တောင် တစ်ချိန်ချိန်မှာပြန်ဆုံနိုင်မယ်လို့မျှော်လင့်လို့ရပေမယ့် အခုလို သေကွဲကွဲရတဲ့ အချိန်မှာတော့ ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူးဆိုတဲ့ခံစားချက်ဟာ မီးထက်ပူလွန်းတယ်ဆိုတာ ကြုံဖူးသူတိုင်းသိကြမှာပါ။ ရွှေရည်သိန်းတန်ဟာလည်း ခင်ပွန်းရဲ့ အငွေ့အသက်တွေအများကြီးရှိခဲ့တဲ့ အိမ်မှာ အထီးကျန်စွာနဲ့ ခင်ပွန်းဖြစ်သူကိုလွမ်းနေရကြောင်း မကြာခဏဆိုသလို လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - Shwe Yee Thein Tan's FB Acc
Photo Credit - Shwe Yee Thein Tan's FB Acc

ချစ်ခြင်းမေတ္တာနဲ့ချည်နှောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ ဘယ်လိုအရာတွေကမှ ဖြိုဖျက်လို့မရနိုင်ပါဘူး။ လွန်ဆန်မရတဲ့သင်္ခါရတရားကတော့ ဘယ်သူမှမငြင်းဆန်နိုင်တာမို့ ကျန်ရစ်ခဲ့သူအတွက်တော့ တကယ်ကို ရင်ကွဲပက်လက်ပါပဲ။ ဘဝဆက်တိုင်းမှာ ချစ်ရသူနဲ့ အချိန်အကြာကြီး သက်ရှည်ကျန်းမာစွာနဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Shwe Yee Thein Tan's FB Acc
Photo Credit - Shwe Yee Thein Tan's FB Acc

သတင်း အရင်းအမြစ်Shwe Yee Thein Tan's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T