မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေတဲ့ Rajkot ပြည်နယ်က ဒေသခံတွေကို ဘေးလွတ်ရာသို့ ခက်ခက်ခဲခဲပြောင်းရွှေ့ပေးနေရတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/ab/abd61e084f7750ddf885fc2e80928f31bc63289d.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေတဲ့ Rajkot ပြည်နယ်က ဒေသခံတွေကို ဘေးလွတ်ရာသို့ ခက်ခက်ခဲခဲပြောင်းရွှေ့ပေးနေရတဲ့ ဗီဒီယိုဖိုင်

လွန်ခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ မိုးအကြီးအကျယ်ရွာသွန်းခဲ့တာကြောင့် Rajkot ပြည်နယ်မှာ မိုးရေချိန် (၁၃) လက်မအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။Rajkot ပြည်နယ်မှာနေထိုင်ကြတဲ့ ဒေသခံ(၁၄၀၀)ခန့် က ယာယီကယ်ဆယ်ရေးစခန်းကိုပြောင်းသွားကြပြီး လူပေါင်း (၃၀၀)ကျော်ကိုလည်း ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။မိုးသည်းထန်စွာရွာသွန်းတာကြောင့် လမ်းပေါ်တွေအထိတောင် ရေတွေပြည့်လျှံနေပြီး လူတွေကလည်း ခက်ခက်ခဲခဲသွားလာနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Gujarat ပြည်နယ် ၀န်ကြီးချုပ် Bhupendra Patel သည် Gandhinagar ရှိ Saurashtra, Jamnagar နှင့် Rajkot တို့တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ရန် အဆင့်မြင့်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်။၀န်ကြီးချုပ်ရုံး (CMO) ရဲ့အဆိုအရ ၀န်ကြီးချုပ်အသစ်က Jamnagar စုဆောင်းသူကို ဖုန်းနဲ့ဆက်သွယ်ကာ စကားပြောခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ညွှန်ကြားခဲ့တာဖြစ်ပါတယ်။အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) ရဲ့ အကူအညီနဲ့ ရေထဲတွင်ပိတ်မိနေသူများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Rajkot ပြည်နယ်က မြေနိမ့်ပိုင်းတွင်နေထိုင်တဲ့ လူပေါင်း (၁၁၅၅) ဦးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ဝန်ကြီးကရယူခဲ့တာဖြစ်ပါတယ်။မိုးရွာသွန်းမှုနှင့်ရေလွှမ်းမိုးမှုများကြောင့် ပြည်နယ်ရဲ့နေရာအတော်များများတွင် အိန္ဒိယရေတပ်အဖွဲ့ကလည်း ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။အိန္ဒိယပြည်သူတွေလည်း ရေကြီးမှုကြောင့် အသက်အန္တရာယ်ကလွတ်မြောက်အောင် ကယ်ဆယ်ရေးတွေရဲ့အကူအညီကို ရယူနေကြတဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit:Twitter

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T