အင်္ကျီအရောင်က ပြောပြနေတဲ့ သင့်အကြောင်း

//s9.kh1.co/5c/5c1aa72e30f2fe0840c0213299c36ef0cd30d780.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အဝတ်အစားရဲ့ အရောင်ကနေ တစ်ဆင့် ကိုယ်ဟာ ဘယ်လိုလူမျိုးဆိုတာကို

အရောင်တွေက ကိုယ့်ရဲ့ ဘဝအပေါ် မှာ သက်ရောက်မှုရှိတယ်ဆိုတာကို သိပါသလား။ အရောင်တစ်မျိုးစီတိုင်းမှာ သူ့ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဝတ်လေ့ဝတ်ထများတဲ့ အဝတ်အစားရဲ့ အရောင်ကနေ တစ်ဆင့် ကိုယ်ဟာ ဘယ်လိုလူမျိုးဆိုတာကိုလည်း သိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5c/5c1aa72e30f2fe0840c0213299c36ef0cd30d780.jpg

အဖြူရောင်

Photo Credit : Google 
Photo Credit : Google 

အဖြူရောင်ကို ဝတ်ဆင်သူတွေဟာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တတ်ပြီး ကိုယ်တိုင်လည်း သန့်သန့်ရှင်းရှင်း နေတတ်သူတွေ ဖြစ်ပါတယ်။ အခွင့်အလမ်းတွေကို ရှာဖွေတတ်ပြီး နေရာတိုင်းမှာ အကောင်းမြင်စိတ် ထားတတ်တဲ့ သူတွေလည်းဖြစ်ပါတယ်။အဖြူရောင် ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူတွေဟာ စည်းကမ်းတကျ နေထိုင်ဖို ကြိုးစားလေ့ရှိပြီး သူများတွေကိုလည်း စည်းကမ်းတကျ နေနိုင်အောင် လမ်းညွှန့်လေ့ ရှိပါတယ်။

အနက်ရောင်

Photo Credit : Google 
Photo Credit : Google 

အနက်ရောင်ဟာ ဆွဲဆောင်မှုအရှိဆုံး အရောင်ဖြစ်ပြီး လူတိုင်းနဲ့ လိုက်ဖက်တဲ့အရောင်လည်း ဖြစ်တယ်။ အနက်ရောင်ကို နှစ်သက်တဲ့သူတွေဟာ အလွန်လျှို့ဝှက်တတ်ပြီး သဘာဝကို ဆန့်ကျင်တတ်တဲ့သူတွေလည်းဖြစ်တယ်။ စတိုင်ကျပြီး ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။

ပန်းရောင်

Photo Credit : Google 
Photo Credit : Google 

ပန်းရောင်ဟာ နူးညံ့ပြော့ပြောင်းပြီး အေးချမ်းလှတဲ့ အရောင်ဖြစ်တယ်။ ပန်းရောင်ကြိုက်နှစ်သက်တဲ့သူတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူဖြစ်တယ်။ သနားကြင်နာတတ်ပြီး တစ်ယောက်ထဲ အေးအေးဆေးဆေး နေထိုင်တတ်သူတွေဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 

အပြာရောင်ဟာ စီးပွားရေးလုပ် အောင်မြင်လိုသူတွေ ဝတ်လေ့ရှိတဲ့ အရောင် ဖြစ်ပါတယ်။ အပြာနုရောင်ကို နှစ်သက်တဲ့သူတွေဟာ တောင်းဆိုချက်တွေ မျှော်လင့်ချက်တွေ အများကြီးမရှိဘူး။ လူအများနဲ့ ရောရောနှောနှော နေတတ်လေ့ရှိကြပါတယ်။

အစိမ်းရောင်

Photo Credit : Google 
Photo Credit : Google 

အစိမ်းရောင်ကို ဝတ်ဆင်လေ့ရှိသူတွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး၊ တီထွင်ဖန်တီးမှု အားကောင်းတယ်လို့ သိရပါတယ်။ အဲ့လိုမျိုးလူတွေဟာ ယုံကြည်ချက်ပြင်းထန်ပြီး သြဇာအာဏာကြီးမားတဲ့သူတွေဖြစ်တယ်။ အမြဲမြဲလိုလို ယုံကြည်ချက်တွေ ခိုင်မာအောင်လို့ သူတိုကိုယ်သူတို့ နည်းလမ်းတွေရှာဖွေတတ်တယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T