တောတောင်ထဲတွင် ဝမ်းဝရုံသာဖြစ်သလိုစားနေရတဲ့ ထမင်း၊ဟင်းနဲ့ သောက်သုံးရေအခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ပြသလာတဲ့ သူရဲကောင်းမလေး

//s9.kh1.co/55/55b57b5f5360cf4bc079b785e6c40e5e9a940836.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တောတောင်ထဲတွင် ဝမ်းဝရုံသာဖြစ်သလိုစားနေရတဲ့ ထမင်း၊ဟင်းနဲ့ သောက်သုံးရေအခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ပြသလာတဲ့ သူရဲကောင်းမလေး

ပြည်သူလူထုရဲ့အနာဂတ်လှပဖို့အတွက် အနစ်နာခံပြီးရှေ့ဆုံးကနေကြိုးစားပေးနေကြတဲ့ PDF လူငယ်လေးတွေကသူတို့ရဲ့အနာဂတ်ကို စွန့်လွှတ်ထားကြတာဖြစ်ပါတယ်။ပြည်သူတွေမျှော်လင့်နေတဲ့ နေ့သစ်ကိုရောက်ရှိလာအောင်လည်း ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မိမိတို့ရဲ့မိသားစုနဲ့ခွဲခွါပြီး တောထဲတစ်နေရာတွင် ဒုက္ခမျိုးစုံကိုခံစားနေရတဲ့ သူရဲကောင်းတွေထဲမှာ ပညာတတ်များစွာအပြင် လူကြီး၊လူငယ်မရွေးပါဝင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေထောက်ပံ့ကူညီမှသာ ရိက္ခာအပြည့်အစုံနဲ့ စားသောက်ရပေမယ့် မိသားစုထမင်းဝိုင်းလိုတော့ဖွယ်ဖွယ်ရာရာမရှိတာပဲဖြစ်ပါတယ်။လှူဒါန်းထားတဲ့ ရိက္ခာတွေကိုလည်း လောက်ငှအောင် ခြိုးခြံချွေတာနေရတာဖြစ်လို့ PDF ရဲဘော်တွေလည်း ဝမ်းဝရုံသာစားသောက်နေရတာဖြစ်ပါတယ်။တောတောင်ထဲမှာ လျှပ်စစ်မီးနဲ့ ရေသန့်ကလည်းရှားပါးသလို နေရာထိုင်ခင်းအတွက်ကလည်း ကြုံသလိုသာစီစဉ်ထားရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ တောထဲရောက်နေတဲ့  မိန်းကလေးတစ်ဦးက သူမတို့စားရတဲ့ထမင်းဟင်းနဲ့ သုံးစွဲရတဲ့ ရေအခြေအနေကိုပြသလာတာဖြစ်ပါတယ်။သောက်ရေ၊သုံးရေအနေနဲ့ အနီးနားမှာရှိတဲ့ ရေအိုင်ငယ်လေးကနေအသုံးပြုရတာဖြစ်ပါတယ်။ထမင်းစားရတဲ့အခါလည်း ဟင်းအနေနဲ့ ပဲပြုတ်နဲ့ ငရုတ်သီးကြော်တို့ကိုသာ တွဲဖက်စားရတာဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း ဒီလိုဒုက္ခတွေကိုသည်းခံပြီး ရှေ့ဆက်ရင်ဆိုင်နေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Spring Diary’s Fb page
Photo Credit:Spring Diary’s Fb page
Photo Credit:Spring Diary’s Fb page
Photo Credit:Spring Diary’s Fb page

Source:Spring Diary’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T