ဖမ်းဆီးခံထားရတာ (၅)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ ဇာဂနာရဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပြီး သတိရနေမိတဲ့လူရွှင်တော်ငှက်ပျောကြော်

//s9.kh1.co/ab/ab943a9f12fde6a5a37f3458398329833cdaeb02.jpeg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးခံထားရတာ (၅)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ ဇာဂနာရဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ပြီး သတိရနေမိတဲ့လူရွှင်တော်ငှက်ပျောကြော်

ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တချို့လည်းဖမ်းဆီးခံထားရဆဲဖြစ်သလို တချို့တွေလည်း အဝေးတစ်နေရာမှာနေထိုင်နေရတာပဲဖြစ်ပါတယ်။သရုပ်ဆောင်၊လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဦးဇာဂနာကလည်း ဧပြီလ (၆)ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရတာ ဒီနေ့အထိဆိုရင် (၅)လကျော်သွားပြီဖြစ်ပါတယ်။သရုပ်ဆောင် ငှက်ပျောကြော်ကတော့ ညီအစ်ကိုတွေလိုမျိုးခင်မင်ရင်းနှီးရတဲ့ ဦးဇာဂနာကို သတိရနေတာပဲဖြစ်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

ငှက်ပျောကြော်နဲ့ ဇာဂနာတို့နှစ်ယောက်က ဟိုးအရင်ကတည်းက အငြိမ့်တွေလည်း အတူတူကပြဖျော်ဖြေကြပြီးဇာတ်ကားတွေမှာလည်း အတူတူပါဝင်သရုပ်ဆောင်ကြတာဖြစ်ပါတယ်။နှစ်ယောက်လုံးက ဟာသဉာဏ်ရွှင်ပြီးပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဦးငှက်နဲ့ ဦးဇာဂနာတို့ကို ယနေ့အချိန်ထိတိုင်အားပေးချစ်ခင်ကြပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

ဒီနေ့မှာတော့ ငှက်ပျောကြော်က ဇာဂနာရဲ့ အရင်တုန်းကပုံရိပ်တွေကို ပြန်ကြည့်ပြီး "သူ...ဘယ်မှာလည်းသတိရ​နေတယ်...တစ်ခါတစ်​လေ​တော့လည်းလွမ်းမိပါတယ်...."ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ဦးဇာဂနာလည်း ထောင်ထဲမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်နေရမှာပဲဖြစ်လို့ ပြည်သူတွေကလည်း ကိုယ်ချင်းစာနေကြတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်ဦးဇာဂနာလည်း အမြန်ဆုံးလွတ်မြောက်ပြီး ရင်းနှီးရတဲ့မိတ်ဆွေ၊မိသားစုတွေနဲ့ ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc
Photo Credit:NgaPyaw Kyaw’s Fb acc

Source&Photo Credit:NgaPyaw Kyaw’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T