ထိုင်းဒရမ်မာကားသစ် “Tai Ngao Tawan” မှာ အတူသရုပ်ဆောင်ဖို့ အတည်ပြုလိုက်တဲ့ Mark Prin နဲ့ Bow Maylada

//s9.kh1.co/29/298558a0ec6d9f4fd0ad06a1bf2e616b9b09af1f.jpg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

Mark Prin နဲ့ အိုးခိုင်မော့ တို့ ပထမဦးဆုံးအကြိမ်အဖြစ် အတူတွဲ သရုပ်ဆောင်ကြမှာ

ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Bow Maylada တို့ဟာ ဒရမ်မာကားသစ် “Tai Ngao Tawan” မှာ အတူသရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါပြီ။

https://s9.kh1.co/__image/w=650,h=488,q=100/29/298558a0ec6d9f4fd0ad06a1bf2e616b9b09af1f.jpg

Mark Prin ထိုင်မင်းသားချောလေးက ထိုင်းနိုင်ငံမှာသာမက အာရှတစ်ဝှမ်းမှာလဲ နာမည်ကြီးရေပန်းစားတဲ့ မင်းသားတစ်ဦးပါ။ ထိုင်းနိုင်ငံက မော်ဒယ်သရုပ်ဆောင်ဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းတွဲတွေကိုလည်း လူကြိုက်များကြပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ "My Husband In Law” drama နဲ့ မြန်မာပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google

Bow Maylada မင်းသမီးချောလေးကတော့ “London Sweeties” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိလာခဲ့သူပဲ ဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံး ရုပ်ရှင် ဖြစ်တဲ့ London Sweeties ရဲ့ ဇာတ်ဝင်ခန်းတစ်နေရာကြောင့် သူမကို မြန်မာပြည်မှာဆိုရင် “အိုးခိုင်မော့လေး” ဆိုပြီး လူသိများကြပါတယ်။

Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google

ဒရမ်မာပရိုဂျူဆာ Nok Jariya က သူမထုတ်လုပ်မယ့် ဒရမ်မာကားသစ်ဟာ “Tai Ngao Tawan” ဖြစ်ကြောင်း အတည်ပြုရင်း သရုပ်ဆောင်တွေပါ ပြောပြပေးခဲ့တာပါ။ Mark Prin နဲ့ Bow Maylada တိုဟာ ဒီဒရမ်မာကားသစ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် အတူတွဲ သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

“Tai Ngao Tawan” ဒရမ်မာကားထဲမှာ မင်းသမီး Bow Maylada က ပြီးပြည့်စုံပြီး လှပကျော့ရှင်းတဲ့ မိန်းကလေး ‘Pareena’ အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Mark Prin ကတော့ ဆယ်ကျော်သက် အရွယ်တည်းက နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ Korn အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T