ထိုင်း သဘာဝဆင်စခန်းက ဆင်လေးတွေက ရက်စက်တဲ့ လုပ်ငန်းခွင်ကနေ ကယ်ဆယ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ ထိုင်းရဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်မှုအနေနဲ့ ဆင်စီးတဲ့လုပ်ငန်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပင်မဲ့ ခရီးသွားတွေ မသိတဲ့ အချက်ကတော့ ဆင်လေးတွေ အဲ့လိုလိမ္မာပြီး လူတက်စီးဖို့ သင်ကြားပေးတဲ့နည်းက အရမ်းရက်စက်တယ် ဆိုတာပါဘဲ။
ဒါပေမယ့်လည်း Kham lha ဆိုတဲ့ ဆင်လေးကို သဘာဝဆင်စခန်းက ကယ်ဆယ်ပေးထားပြီး သူနဲ့ရင်းနှီးတဲ့ ပန်းခြံက ဝန်ထမ်းရေနစ်တဲ့ အခါမှာတော့ သူဟာ သွားရောက် ကယ်တင်ပေးခဲ့ပါတယ်။ YouTube မှာတင်ထားတဲ့ video မှာ ဝန်ထမ်းက ရေနစ်ချင်ယောင်ဆောင်ပြီး ရေထဲ ဆင်းတဲ့အခါမှာ ဆင်လေးက အချိန်မဆွဲဘဲ ချက်ချင်း ပြေးကယ်တာကို တွေ့ရမှာပါ။ ဘေးကင်းတဲ့နေရာ ထိလည်းတွန်းပို့ပေးခဲ့ပတယ်။ ဒီဗီဒီယိုလေးကို ကြည့်တဲ့လူအမြောက်အများ ရှိပြီး ဆင်နဲ့လူကြားက သံယောဇဉ်ကို အံ့ဩကုန် ကြပါတယ်။
Comment တွေမှာလည်း ဒီလို အကြင်နာတရားရှိတဲ့ တိရိစ္ဆာန်တွေကို လူတွေက ဘာလို့ရက်ရက်စက်စက် ပြုမူကြသလဲ ဆိုပြီးတော့လည်း ပေးထားကြပါတယ်။တိရစ္ဆာန်တွေဟာ မိမိရဲ့အသက်သခင်ကို ကျေးဇူးသိတက်ကြပါတယ်။ ဒါပေမယ့်လူတွေမှာကတော့ အဲ့လိုက ရှားပါတယ်။ ဘာပဲဖြစ်ဖြစ် ခုလိုဆင်လေးရဲ့ လုပ်ရက်ဟာ ချီးကျူးစရာကောင်းပြီး ချစ်စရာလည်းကောင်းပါတယ်။ ပရိသတ်ကြီးအတွက်လည်း ထို Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Blogger Arena