ချစ်စဖွယ်အမူအရာလေးတွေနဲ့ အမြဲပြုံးရွှင်နေတတ်တဲ့ YaYa လိုချစ်သူလေးကို သည်းသည်းလှုပ်ချစ်ပြီး အရမ်းဂရုစိုက်ပေးတဲ့ ထိုင်းမင်းသားချော Nadech

//s9.kh1.co/87/8708455e0348021e55ada83e51e06256e9a78cf0.jpeg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်စဖွယ်အမူအရာလေးတွေနဲ့ အမြဲပြုံးရွှင်နေတတ်တဲ့ YaYa လိုချစ်သူလေးကို သည်းသည်းလှုပ်ချစ်ပြီး အရမ်းဂရုစိုက်ပေးတဲ့ ထိုင်းမင်းသားချော Nadech

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတွေထဲမှာ Nadech Kugimiya နဲ့ Yaya Urassayaph တို့ကလည်းနာမည်ကြီးစုံတွဲလေးပဲဖြစ်ပါတယ်။သူတို့စုံတွဲလေး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေဆိုရင် ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီး အခုချိန်ထိအောင်မြင်နေဆဲဖြစ်ပါတယ်။YaYa Urassayaph ကို ပရိသတ်တွေကYaYa လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အမူအရာ၊အပြောအဆိုလေးတွေကို ချစ်နေကြတာဖြစ်ပါတယ်။YaYaကလည်း ထိုင်း-ပြင်သစ် ကပြားလူမျိုးတစ်ယောက်ဖြစ်လို့ သူမရဲ့အလှအပတွေကိုငေးမောနေရတာဖြစ်ပါတယ်။

Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc

Nadech Kugimiya ကတော့ ပြုံးလိုက်ရင်ပါးချိုင့်နှစ်ဖက်နဲ့ ခန့်ညားနေတဲ့ရုပ်သွင်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။Nadech ရဲ့ အနုပညာအရည်အသွေးကလည်းထူးချွန်တာကြောင့် ဆုတွေလည်းရရှိထားပါတယ်။YaYa ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ချစ်ပေးတတ်တဲ့ Nadech ရဲ့အချစ်ကို ပရိသတ်တွေကလည်းအားကျနေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း YaYa တို့ချစ်သူနှစ်ယောက်က နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေပြီး နှစ်ဖက်မိဘတွေနဲ့လည်း ချစ်ခင်ရင်းနှီးကြတာဖြစ်ပါတယ်။

Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc

YaYa နဲ့ Nadech တို့နှစ်ယောက်က ထိုင်းနိုင်ငံမှာ အနုပညာကြေးအမြင့်ဆုံးရရှိတဲ့အနုပညာရှင်တွေထဲမှာပါဝင်ကြပါတယ်။သူတို့စုံတွဲရဲ့ ချစ်သူသက်တမ်းကလည်း (၁၀)နှစ်ကျော်သွားပြီဖြစ်ပါတယ်။ကလေးဆန်ပြီး ချစ်စဖွယ်အမူအရာလေး​တွေလုပ်ပြတတ်တဲ့ YaYa ကို Nadech က သည်းသည်းလှုပ်ချစ်တာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီနေ့အချိန်ထိ ရှေ့သွားနောက်လိုက်ညီပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ YaYa နဲ့ Nadech တို့ရဲ့စုံတွဲပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc
Photo Credit:YaYa Urassayaph’s IG acc

Source&Photo Credit:YaYa Urassayaph’s IG acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T