ဦးအောင်ဆန်း(ခ) ဦးရွှေဘ (နစ်မြှပ် ရေယာဉ် ရေငုပ် ရှာဖွေ ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင်) ကနီမြို့နယ် ၊အိုင်တောင် ရွာ

" ကျွန်တော် ရေငုပ် သက်တမ်း ၃၀ ကျော်ရှိပါပြီ၊ ခုလို အလောင်းတွေ ပါတဲ့ ရေယာဉ်မျိုး ဆယ်တာ ပထမဦးဆုးံပါ၊ အခက်အခဲတွေ အများကြီး ရှိပါတယ်၊ ရေအနက် ပေ (၄၀) ဝန်းကျင် မှာ မြှပ်နေတာ၊ ရေစီးကြမ်းတယ်၊အောက်မှာ ကျောက်ဆောင် ကျောက်ခဲတွေ ရှိတယ်၊ ရေပေါ်က နေ ကျောက်တုးံကြိုးချီ ချပြီး အောက်မှ ရိုတ်တဲ့အသံ ကိုမှန်းပြီး ရေယာဉ်ကို စတင်ရှာရပါတယ်၊ ရေက လည်းနောက် နေတယ်၊ ရေအောက်မှာ ကျောက်ခဲ ထိခတ်သံ နဲ့ အမြန်ယာဉ်သံခွံ ထိခတ်သံ က မတူ ပါဘူး၊ ရေငုပ် လုပ်သား လေးဦးနဲ့ ဆောင်ရွက်ပါတယ်၊

လူသေအလောင်းတွေပါတဲ့ ရေယာဉ်ကို ဆယ်ဖို့ ဆိုတာ တော်ရုံ ရေငုပ်ကျွမ်းတဲ့သူတွေ လည်း မလုပ် ချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ကို လူကြီးပိုင်း က အကူအညီတောင်းလို့ လာဆယ်ပေးတာပါ၊ ရွာမှာ ဘုရားပွဲ တွင်းကြီး ထလိုက်လာတာပါ၊မုံရွာက ကိုမျိုးဝင်းတို့ ရဲ့ လူအား၊ယာဉ်အား၊ငွေအား ပံ့ပိုးပေးလို့ ရေယာဉ်ကို အပေါ်ရောက်အောင် တင်နိုင်ပါတယ်၊ပဲ့ပိုင်းတော့ ပေါ်ပြီ၊ ခေါင်းပိုင်းရအောင် ထုတ်ရဦးမယ်၊ ကျွန်တော်ကိုယ်တိုင် ငုပ်ပြီး ရေအောက်မှာ ကရိနး်ကြိုးချည်ဖို့နေရာတွေ ကြည့်မှတ်ရတယ်၊ ဘယ်လမ်းကြောင်းက ဘယ်လို ချည်ရမယ်၊ဘယ်လိုသွားရမယ်၊ဘယ်နားဘာတွေရှိတယ် မှတ်ထားပြီး ၊အပေါ် ရောက်တော့ တပည့်တွေကို ညွန်ကြားရပါတယ်၊အပေါ်က လေပေး စနစ် အောက်ဆီဂျင်နဲ့ ငုပ်ရရင် လိုအပ် သလို လိုအပ်တဲ့အချိန်ထိ ငုပ်နိုင်ပါတယ်၊ အလွတ်ဆို အတောင် ၂၀၊၃၀ လောက်ထိ တော့ ငုပ်နိုင်ကြပါတယ်၊ရေအောက်မှာအလောင်းထွက်လာ တာတွေ့ရင် တစ်ချို့ကကြောက်ကြပါတယ်၊ကျွန်တော်တို့ကတော့ အောင်မြင်အောင် ဆယ်မှာပါ၊ ဒီရေယာဉ်ဆယ်ယူမှုဟာ ကျွန်တော်အတွက် ဘဝ မှတ်တိုင် တစ်ခု ပါပဲ "

Credit - ကိုသစ္စာ-မုံရွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။