ကမ္ဘာကြီးပေါ်ကနေ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ Titanoboa မြွေကြီး

//s9.kh1.co/a8/a81356ecc4ab3d64f52787947932a376bcf61786.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သက်ရှိများစွာ ကျင်လည်နေတဲ့ ဒီကမ္ဘာကြီးပေါ်မှာတော့ ကျွန်တော်တို့ မမြင်ဖူးမတွေ့ဖူးလိုက်ရပဲနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေ အများကြီးမှအများကြီးပဲ။

ဒီအထဲမှာမှ နဂါးတွေရဲ့ မျိုးနွယ်စုလို့တောင် တင်စားခြင်းခံရတဲ့ Titanoboa မြွေကြီးတွေအကြောင်းကို ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/64/649132acc2e0e79c0dfbbaf1bed31032cae5d08f.jpg

Titanoboa မြွေကြီးတွေဟာ လက်ရှိမှာ မျိုးတုန်းသွားခဲ့ကြပြီး တစ်ကယ်လို့သာ အသက်ရှင်နေကြအုန်းမယ်ဆိုရင် လက်ရှိကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ Anaconda မြွေထက် အဆများစွာကြီးမားတဲ့ အရွယ်အစားရှိပါတယ်။ သူတို့ရဲ့ သာမန်အရွယ်အစားဟာ ၁၅မီတာအရှည်ရှိပြီး ပေအားဖြင့်ဆိုရင်တော့ ၄၈ပေ လောက်ရှည်ပါတယ်။ အလေးချိန်အားဖြင့်ဆိုရင်တော့ ၁၁၃၅ kgလောက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/42/428aef24ce97b396f78acc0abb95407b52c8cded.jpg
https://s9.kh1.co/__image/w=600,h=276,q=100/dd/dd9c61bce393c30dea129396f2f2eb9b76d67f30.jpg

Titanoboa တွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၆၀ လောက်က အသက်ရှင်နေထိုင်ခဲ့ကြတဲ့ မြွေကြီးတွေ ဖြစ်ပြီး ရုပ်ကြွင်းတစ်ခုကိုလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်က Combodia နိုင်ငံမြောက်ပိုင်းမှာ တွေ့ရှိခဲ့ကြပါသေးတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ပြတိုက်တစ်ခုမှာဆိုရင်လည်း ကမ္ဘာပေါ်မှာနောက်ဆုံးတွေ့ရှိခဲ့ရတဲ့ Titanoboa မြွေကြီးရဲ့ အရွယ်အစားအလေးအချိန်နဲ့ တူတဲ့ ပုံတူ ရုပ်တုတစ်ခုကို ထုလုပ်ပြီး နောင်လာနောက်သားတွေ ဗဟုသုတရစေရန်အတွက်ထားရှိပေးထားပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/cd/cd61c0a4f3f8bf5d37006adabdb26e1aed99a34e.jpg
https://s9.kh1.co/__image/w=650,h=438,q=100/f8/f8c314ac7948193a26ff7ec8e624ca59a058361e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ab/ab15a7cc2672d870fd363c0f96cee6716624ff5a.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T