မွေးကင်းစအရွယ်ကတည်းက အသက် (၂) နှစ်ပြည့်တဲ့အထိ ပြင်းထန်တဲ့ဝေဒနာကိုအံတုလာခဲ့တဲ့ အာဂသတ္တိကလေးလေး

//s9.kh1.co/3f/3f1592d6b79eab5374ff0c6597c4c13b1a933761.png
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

နွမ်းပါးသူတွေကိုအမြဲတမ်းကူညီပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ ဒီနေ့မှာလည်း မွေးကတည်းက အစာရေမြိုပြွန်မပါခဲ့လို့ လည်ပင်းကနေအပေါက်ဖောက်ထားရတဲ့အပြင် ဝမ်းဗိုက်ကနေလည်း အပေါက်ဖောက်ပြီး နို့ရည်သွင်းပြီး အသက်ဆက်နေရတဲ့ ကလေးအတွက် လှူဒါန်းမှုတွေလုပ်ပေးခဲ့ပါတယ်။ ယခင်ကတည်းက ဒီလိုကုသနေလာခဲ့တာဖြစ်ပြီး လက်ရှိအကျပ်အတည်းကာလမှာ ငွေကြေးရှားပါးမှုတွေနဲ့ ကြုံလာခဲ့တာကြောင့် ကလေးရဲ့ အုပ်ထိန်းသူတွေရဲ့အကူအညီတောင်းခံမှုအပေါ်မှာ အခုလိုကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

မွေးကင်းစအရွယ်ကတည်းက အခုအချိန်ထိ (၂) လ တစ်ကြိမ်ပိုက်လဲပြီး ဆေးစစ်လာခဲ့တာ အခုအသက် (၂) နှစ်အရွယ်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ စားဝတ်နေရေးကျပ်တည်းနေတဲ့ကြားက ကလေးအတွက် ထည့်တဲ့ပိုက်ကမလုံဖြစ်ပြီး နို့ကလည်းထည့်သလောက်မဝင်တာကြောင့် ဆေးရုံကိုထပ်သွားပြပြီး ပြန်ချုပ်ပေမယ့် အိမ်ပြန်ရောက်ချိန်မှာတော့ ချုပ်ရိုးက ပြန်ပွင့်လာတာကြောင့် မိဘတွေလည်း အတော်လေးအခက်အခဲဖြစ်နေခဲ့ပါတယ်။ လတ်တလောမှာတော့ ဝေဠုကျော်ဖောင်ဒေးရှင်းကနေ လိုအပ်တာအသုံးပြုဖို့နဲ့ နို့မှုန့်ဖိုးအတွက် ငွေငါးသောင်းကျပ်ကူညီပေးခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သနားစရာကလေးငယ်လေးဟာ အရွယ်နဲ့မလိုက်အောင် ပြင်းထန်လွန်းတဲ့ဝေဒနာကို လူ့လောကထဲ စရောက်ကတည်းကနေ အသက် (၂) နှစ်အရွယ်ထိ ခံစားလာခဲ့ရတာ မမြင်ရက်စရာပါ။ ကလေးရဲ့ ဝေဒနာတွေအမြန်ဆုံးသက်သာပြီး သာမာန်လူတစ်ယောက်လို စားနိုင်သောက်နိုင် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး ကျန်းကျန်းမာမာ အရွယ်ရောက်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Wai Lu Kyaw Foundation's FB Acc
Photo Credit - Wai Lu Kyaw Foundation's FB Acc

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T