iPhone7 မီးလောင်ရာမှ ကားပါပျက်စီး

မကြာသေးခင်ကမှ Apple ဟာသူ့ရဲ့ Product အသစ်ဖြစ်တဲ့ iPhone7 နဲ့ 7plus ကိုထုတ်လုပ်ခဲ့ပါတယ်။ သုံးစွဲသူအများအပြားရှိခဲ့ပြီး သူ့ရဲ့ Colour အသစ် JetBlack ဟာဆိုရင် လူငယ်တော်တော်များများကြား အထူးရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ iPhone7 မီးလောင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန်ပါပြီ။

သြတတြေးလျလူမျိုး လှိုင်းစီးနည်းပြ Mat Jones ဆိုသူဟာ iPhone7 ကို ကားထဲကအဝတ်တွေအောက်မှာ သိမ်းထားခဲ့ပါတယ်။ ကားဆီပြန်လာတဲ့အချိန်မှာတော့ တစ်ကားလုံးမီးခိုးတွေပြည့်နေပြီး ဖုန်းထားခဲ့တဲ့နေရာတစ်ခုတည်း မီးလောင်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ Samsung Galaxy Note 7 လိုပဲ iPhone7 မှာ အပူလွန်ကဲမှုပြသနာဖြစ်နိုင်လားဆိုတာတော့ စဉ်းစားစရာပါပဲ……

Mat Jones ကတော့ iPhone7 ကို လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကမှ ဝယ်ယူခဲ့တာဖြစ်ပြီး ပြုတ်မကျဘူးသလို တခြားအားသွင်းကြိုးနဲ့ အားသွင်းခဲ့တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ "အတွင်းဝတ်တွေထဲက မီးခိုုးတွေထွက်လာလို့ ဖယ်ကြည့်လိုက်တော့ ဖုန်းကအထဲမှာ အရည်တောင်ပျော်နေပြီ" လို့ သူကပြောပါတယ်။ Apple က Jones နဲ့တွေ့ဆုံခဲ့ပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ Apple ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။

"ဒီ Lithium-ion ဘက်ထရီနည်းပညာက အပူလွန်တာမဖြစ်နိုုင်ပါဘူး။ သြတတြေးလျမှာ အပူချိန်အရမ်းမြင့်တာကြောင့်ဖြစ်နိုင်ပြီး နေအပူက ကားအတွင်းပိုင်းပလတ်စတစ်ပစ္စည်းတွေကို အရည်ပျော်စေနိုင်ပါတယ်။ ဖုန်းကို ကားထဲမှာထားခဲ့တဲ့ အတွက် အရမ်းပူပြီး မီးလောင်သွားတာဖြစ်နိုင်ပါတယ်" လို့ Apple က တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။

Samsung နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Note7 ကတင်ပို့ခဲ့တဲ့ ရက်သတ္ထပတ်အတွင်းမှာပဲ အလုံးရေငါးသန်းမှာ ၉၄ လုံး လောင်ကျွမ်းခဲ့ပါတယ်။ ဒီ Note7 ရပ်ဆိုင်းလိုက်ရမှုနဲ့ပတ်သတ်ပြီး သမ္မတ အိုဘားမားက မိန့်ခွန်းတစ်ခုမှာ နှိုင်းယှဉ်ပြသွားပါတယ်။

အခုတော့ iPhone7 မီးလောင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာ Apple ကဘယ်လိုတာဝန်ယူဖြေရှင်းပေးမှာလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။

Source: Google

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။