မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ (၃) ရပ်ကွက်မှာ သြဂုတ် ၉ ရက်နေ့က ၁၀ နှစ်အရွယ် သမီးဖြစ်သူအား ပထွေးက အဓမ္မပြုကျင့်လို့ မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းမှာ သမီးဖြစ်သူ မ—ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက သွေးတွေ ဆင်းလာလို့ ခင်ပွန်းဖြစ်သူ ဦးမောင်ညွန့်က နင့်သမီးမှာ သွေးထွက်နေတာ ဆေးရုံတင်လို့ ပြောခဲ့ကြောင်း၊ အဲဒီနောက် ကလေးဆေးရုံကြီးကို သွားရောက်ပြသရာ မ—-မှာ သွေးဆင်းနေတာ မရပ်လို့ ခွဲစိတ်ခန်းကိုပို့ပြီး ကုသခဲ့ရတယ်လို့ သိရပါတယ်။

ရရှိသောဒဏ်ရာတွေနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက မ—– ကိုမေးမြန်းရာ ပထွေးဖြစ်သူ ဦးမောင်ညွန့်က သြဂုတ်လ ၁၀ ရက်နေ့ မနက် ၂ နာရီလောက်က ခြင်ထောင်ထဲ ၀င်လာပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြောပါတယ်။

“ပန်းအိစိုးက မိစန်းနွယ်ရဲ့ ဒုတိယအိမ်ထောင်နဲ့ရတဲ့ သမီးပေါ့။ ဦးမောင်ညွှန့်က တတိယ အိမ်ထောင်ပါ၊ သူတို့ အိပ်မောကျနေချိန်မှာ ဦးမောင်ညွန့်က မ—-ကို အဓမ္မပြုကျင့်ပါတယ်၊ မိခင်ဖြစ်တဲ့သူက မသိဘူး၊ မနက်လင်းမှ ကလေးမလေးရဲ့ခြေမှာ သွေးစီးကြောင်းတွေ့လို့ ကန်ခေါင်းရပ်က ကလေးဆေးရုံမှာ သွားရောက်ကုသခဲ့ရတယ်၊ ကျနော်တို့ ဆေးရုံမှာ သွားစစ်ဆေးပြီးမှ တရားခံကို သွားရောက်ဖမ်းဆီးခဲ့တယ်” လို့ မြိတ်တောင်နယ်မြေက တာဝန်မှူး ရဲအုပ် လှမျိုးဝေ က ပြောကြားပါတယ်။

မြိတ်မြို့မရဲစခန်းက ဦးမောင်ညွန့်ကို ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။