သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသော g&gစတိုးဆိုင်တွင် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယင်းသို့ လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် စည်သူလွင်၊ အာယုကျော်၊ဖိုးလပြည့်(ခ)အောင်ပြည့်မြတ်နှင့် ကျော်ထူး(ခ)လှမျိုးနိုင်တို့ (၄)ဦးအားအခင်းဖြစ်ပြီးနောက် နာရီပိုင်းအတွင်း သက်သေခံပစ္စည်းများနှင့်အတူရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့်အခြားလုယက်မှုများ ကျူးလွန်ခြင်း ရှိ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

သတင်းအရင်းမြစ် yangon police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။