ရန်ကုန်မြစ်တွင်း မကြာခင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ (Water Taxi) အတွက် ပြည်ပနိုင်ငံမှ ဝယ်ယူထားသည့် နှစ်စင်းသည် Yangon Water Bus နန်းသီတာဂိတ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။အဆိုပါသင်္ဘောများသည် သြစတြေးလျနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် အလုံမြို့နယ်အမှတ် (၁)အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone lnternational Port Terminal -1) သို့ HEIVTIA နိုင်ငံကူးသဘောၤကြီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

အလုံဆိပ်ကမ်းမှတဆင့် နန်းသီတာဆိပ်ကမ်းသို့ ယင်းနေ့မှာပင်သယ်ဆောင်ခဲ့သည်။Water taxi ဖွင့်ပွဲအခမ်းအနားကို မကြာမီပြုလုပ်ရန် စီစဉ်ထားသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း Tint Tint Myanmar မှ သိရသည်။Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်း ၈ ခုအနက် ၆ ခု ပြီးစီးနေပြီး ဖြစ်သော်လည်း ဆိပ်ကမ်းအချို့မှာ တည်ဆောက်ရန် အခက်အခဲ အချို့ရှိနေသေးကြောင်း၊ ယာဉ်စီးခအနေဖြင့် ခရီးသည်တဦးလျှင် ခရီးစဉ်အစအဆုံး ၅၀၀ ကျပ်၊ ခရီးတိုအတွက် ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ 

သတင်းအရင်းမြစ် လင်းလင်းအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။