မကြာသေးမီကမှာ ပြောင်းလဲလိုက်တဲ့ YBS ယာဉ်လိုင်းများတွင် ခရီးသွားပြည်သူများအနေဖြင့် ငွေသားအစား ကတ်စနစ်အသုံးပြုသွားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏပိုင်အဖွဲ့ (YRTA) နှင့် Yangon Payment Services(YPS) တို့၏ တင်ဒါတင်သွင်းမည့်ကုမ္ပဏီများအား ပထမအဆင့်ရှင်းလင်းဆွေးနွေးပွဲ အခန်းအနားကို သြဂုတ်(၁၅)ရက်မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ 

ထိုရှင်းလင်းဆွေးနွေးပွဲအခန်းအနားတွင် ကတ်စနစ်ဖြင့် အသုံးပြုနိုင်ရေးအတွက်ဝန်ဆောင်မှုပေးမယ့်ကုမ္ပဏီများ တင်ဒါခေါ်ယူခြင်းကိုအဆင့်(၃)ဆင့်ဖြင့် စီစစ်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ တင်ဒါအဆိုပြုလွှာကို သြဂုတ်လ(၂၅)ရက်တွင် စတင်လက်ခံပြီးနောက်ဆုံးစိစစ် ခြင်းကိုစက်တင်ဘာ(၉)ရက် သတ်မှတ်ထားပြီး တင်ဒါကုမ္ပဏီအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(cabine)အစည်းအဝေးက အပြီးသတ်ရွေးချယ်ပြီး ဒီဇင်ဘာလတွင် ကြေညာသွားမည် ဖြစ်ကြောင်းသိရှိရသည်။   

တင်ဒါကုမ္ပဏီနှင့် စီးပွားရေးဆိုင်ရာသဘောတူစာချုပ်ချုပ်ခြင်းကို ဒီဇင်ဘာလတင်ပြုလုပ်ပြီး ၂၀၁၈ ဖေဖော်ဝါရီအတွင်းကတ်များကို စတင်အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း၊ YBSဘတ်စ်ကားများတွင် YPSကတ်များ စတင်အသုံးပြုချိန် ပြည်သူများအဆင်ပြေမှုရှိစေရန် ကတ်စနစ်အပြင် ငွေသားနှင့်ပါပေးချေသောစနစ်လည်းရှိနိုင်သည်။ကတ်စနစ်အသုံးပြုသူများမှာ ပိုမိုသက်သာမှုများရှိလိမ့်မည်ဖြစ်ပြီး လက်ရှိငွေကျပ်(၂၀၀)ပေးရသောခရီးတွင် (၁၈၀)၊ (၁၉၀) ကျပ်သာ ကုန်နိုင်ကြောင်း၊ ကတ်စနစ်ပြောင်းလဲအသုံးပြုလိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့်ကုန်ကျစရိတ်များ တိုးလာမည်မဟုတ်ကြောင်းလည်း သိရှိရသည်။ 

သတင်းအရင်းမြစ် ျမန္မာ့အလင္း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။