ရွှေပြည်သာတွင် မြန်မာငွေကျပ်၁သောင်းတန် ငွေစက္ကူတုများသုံးစွဲသူတွေ ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ ဖြစ်ပွားပုံမှာ သြဂုတ် ၁၄ရက် ည ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် (၁၂)ရပ်ကွက် ရွှေစံအိမ် ကေတီဗီတွင် ငွေစက္ကူတုများဖြင့် လာရောက်ပျော်ပါးသွားကြောင်း သိရိရသည်။ ငွေစက္ကူတုများသုံးစွဲသူတွေမှာ ကျော်စိုးနိုင် အပါအဝင် လူလေးယောက်ဖြစ်သည်။ သူတို့အနေဖြင့် စားသောက်ပျော်ပါးပြီးသည့်နောက် ငွေရှင်းရာမှာ ငွေစက္ကူတုများ ပေးခဲ့ခြင်းဖြစ်သည်။ 

ရွှေပြည်သာမြို့နယ် (၁၂)ရပ်ကွက် ရွှေစံအိမ် ကေတီဗီတွင် မှာ ကျော်စိုးနိုင် အပါအဝင် လူလေးယောက်အနေဖြင့် ကျပ်၁သောင်းတန် အတု ရရွက်အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုင်အနေဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ကျော်စိုးနိုင် အပါအဝင် လူလေးယောက်ကို ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။ ယခုအခါ ကျော်စိုးနိုင် အပါအဝင် လူလေးယောက်ကို (ပ)၁၇၇၈/၂၀၁၇ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် ဖမ်းဆီးအရေးယူလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော် ဥပဒေမှာ ပါ၀င်တဲ့အချက်များအရ ငွေစက္ကူအတုပြုလုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်ပမှ တင်ပို့ခြင်းလုပ်တာက ပြစ်မှုမြောက်ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ ပြုလုပ်ပါက ပုဒ်မ ၁၀၆ အရ ပြစ်ဒဏ်မြောက်ပြီး ထောင်ဒဏ် အနှစ်၂၀ထိ ကျခံနိုင်သည်ဟုသိရှိရသည်။ လက်ရှိအချိန်တွင် မြန်မာပြည်တစ်ဝန်းတွင် ငွေစက္ကူတုများ သုံးစွဲနေကြသည်ကို တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဇူလှိုင် ၃၁ရက်မှ သြဂုတ်၁၄ အထိ တစ်သောင်းတန်ငွေစက္ကူအတု ၅၃ရွက်နှင့် ၅ထောင်တန် ငွေစက္ကူတု ၅ရွက်တွေ့ရှိထားကြောင်းသိရှိရသည်။

Hein

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။