ရုပ်ရှင်ကြည့်တာဟာလည်း စိတ်အပန်းဖြေနည်းတစ်မျိုးပါပဲ။

ထို့ကြောင့် အားလပ်ရက် ရုပ်ရှင်ကြည့်မယ့် သြဂုတ်လမွေးနေ့ရှင် ပရိသတ်ကြီးများတွက် သတင်းကောင်းပါးချင်ပါတယ်။  

ပြည်လမ်း စိန်ဂျွန် City Mall Center တွင် မကြာမီမှ ဖွင့်လှစ်ထားသော

JCGV City Mall တွင် သြဂုတ်လအတွင်းမွေးဖွားတဲ့ မွေးနေ့ရှင်များအတွက်( ၁.၈.၂၀၁၇ ) မှ ( ၃၁.၈.၂၀၁၇ ) အထိ မှတ်ပုံုတင်၊ ကျောင်းသားကဒ်၊ ကားလိုင်စင်သက်သေခံများ(ID Card) များကို လက်မှတ်အရောင်းစင်တာတွင် ပြရုံဖြင့်(၃၀၀၀) ကျပ်တန် လက်မှတ်များကို ထုတ်ယူပြီး ကြိုက်နှစ်သက်ရာဇာတ်ကားကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

လက်မှတ်များကို ချက်ချင်းရယူပြီး ချက်ချင်း ကြည့်ရှုရမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို

ထုတ်ယူဆောင်သွား၍ မရကြောင်းကို JCGV Facebook စာမျက်နှာတွင်ဖော်ပြထားသည်။ 

မိမိကိုယ်တိုင်က သြဂုတ်လမွေးနေ့ရှင် မဟုတ်သော်လည်း သြဂုတ်လေမွေးနေ့ရှင် မိတ်ဆွေ၊ သူငယ်ချင်းများကို လက်တို့ပြီး သတင်းကောင်းပါးလိုက်ရအောင်လား..။

ယခု(၁၈.၈၂၀၁၇) မှစတင်ပြီး (၂၇.၈.၂၀၁၇) ထိ JCGV ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် ဇာတ်ကားများကတော့ Cars3(ကာတွန်း)၊ ANNABELLE CREATION၊ ရာကျော်ရဲ့ ပွဲခံမယ်၊ ကြောက် ကြောက် ကြောက်၊ ရာဇာဝင်ရိုင်းကြသူများဟု သိရှိရသည်။  

သတင်းအရင်းမြစ် ဲJCGV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။