အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမှုစနစ် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ (ထုတ်ကုန်လုပ်ငန်း) စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန၊ နေ့ရက်၊ အချိန် ထုတ်ပြန်ကြေငြာချက်ကို (17.8.2017) ခုနှစ်တွင် အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။

၁။ ဖြေဆိုရမည့် စာစစ်ဌာန

- ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ ရွှေပြည်သာမြို့နယ်

- ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ လှိုင်သာယာမြို့နယ်

၂။ စာမေးပွဲဖြေဆိုရမည့် နေ့ရက် နှင် အချိန်

ရန်ကုန် အနောက်ပို်င်းတက္ကသိုလ် နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် တို့တွင်

နေ့ရက် - ၂၆.၈.၂၀၁၇ (စနေနေ့) နှင့် ၂၇.၈.၂၀၁၇ (တနင်္ဂနွေနေ့) များတွင် အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်။

(က) နံနက်ပိုင်း

ရှင်းလင်းဆွေးနွေးချိန် - မနက် ၉ နာရီမှ ၁၀ နာရီ ထိ

ဖြေဆိုချိန် - မနက် ၁၀ နာရီမှ ၁၁ နာရီ ၁၀ မိနစ် ထိ သော်လည်းကောင်း

(ခ) မွန်းလွဲပိုင်း

ရှင်းလင်းဆွေးနွေးချိန် - နေ့လည် ၁ နာရီမှ ၂ နာရီ ထိ

ဖြေဆိုချိန် - နေ့လည် ၂ နာရီမှ ၃ နာရီ ၁၀ မိနစ် ထိ သော်လည်းကောင်း ကျင်းပပြုလုပ်ပါမည်။ 

ထိုစာစစ်ဌာနများနှင့် အချိန်၊ နေ့ရက်များကို သတ်မှတ်ထားသော ခုံနံပါတ်လိုက် ဖြေဆိုရမည်ဖြစ်သည်။ သတ်မှတ်ချက်နှင့် မကိုက်ညီ၍ စာမေးပွဲဖြေဆိုခွင့် မရှိသူများ၏ စာမေးပွဲခုံနံပါတ်များအား အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံး၊ ကြော်ငြာသင်ပုန်းနှင့် POEA-EPS Facebook တို့တွင် ကြေညာထားမည် ဖြစ်ပါသည်။

ဖြေဆိုသူများအနေဖြင့် သတိပြုလိုက်နာရန် -

(၁) စာမေးပွဲဖြေဆိုမည့်သူများအား ရှင်းလင်းဆွေးနွေး ပညာပေးခြင်းရှိပါသဖြင့် ရှင်းလင်းဆွေးနွေးချိန်ထက် နောက်မကျဘဲ သက်ဆိုင်ရာ စာမေးပွဲခန်းသို့ ၀င်ရောက်နေရာယူပြီး ဖြစ်ရပါမည်။ ထိုသတ်မှတ်ချိန်ထက် နောက်ကျပါက စာပေးပွဲ ၀င်ရောက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

(၂) စာမေးပွဲခုံနံပါတ်အလိုက် ဖြေဆိုရမည့် အခန်းနံပါတ်များကို ဖြေဆိုမည့်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနတွင် ကြေငြာထားမည်ဖြစ်သည်။ သက်ဆိုင်ရာ စာစစ်ဌာနနှင့် အချိန်၊ နေ့ရက်ကိုသာ ဖြေဆိုခွင့်ပြုမည်ဖြစ်သဖြင့် ဂရုတစိုက် ကြည့်ရှုမှတ်သားရန် လိုအပ်ပါသည်။

(၃) စာမေးပွဲမေးခွန်းနှင့် အဖြေလွှာပေါ်တွင် ဖြေဆိုသူ၏ အမည်၊ စာမေးပွဲ ဖြေဆိုခွင့်၊ ခုံနံပါတ် စသည်တို့အား ပုံနှိပ်ထားရှိပြီးဖြစ်ပါသဖြင့် မိမိလက်ခံရရှိသော စာရွက်အား မှန်ကန်မှု ရှိမရှိစစ်ဆေးရန် လိုအပ်ပါသည်။

(၄) စာမေးပွဲဖြေဆိုသူသည် နိုင်ငံသားစီစစ်ရေးကတ်ပြား၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စသည်ဖြင့် သက်ဆိုင်ရာကတ်ပြားများ အားလုံး ယူဆောင်လာရမည်ဖြစ်သည်။

(၅) အဖြေလွှာပေါ်တွင် ပြင်ဆင်ခြင်း၊ ဖျက်ခြင်းပြုလုပ်ပါက မှားယွင်းသော အဖြေအဖြစ် သတ်မှတ်မည်ဖြစ်သည်။ 

(၆) ဖြေဆိုသည့်အခါ အနက်ရောင် ဘောလ်ပင်ကိုသာ အသုံးပြုရမည်ဖြစ်သည်။

(၇) စာမေးပွဲဖြေဆိုချိန်မပြီးမီ အခန်းပြင်ပသို့ ထွက်ခွာခြင်း၊ သန့်စင်ခန်းသွားခြင့် ခွင့်မပြုပါ။

(၈) စာမေးပွဲခန်းထဲသို့ လိုအပ်သော ပစ္စည်းများမှလွဲ၍ အခြားကိရိယာများကို ယူဆောင်လာခြင်း၊ အသုံးပြုခြင်း တွေ့ရှိပါက လိမ်လည်ဖြေဆိုသည်ဟု သတ်မှတ်မည်ဖြစ်ပြီး ဖြေဆိုမှုအား ရပ်ဆိုင်း၍ ထပ်မံဖြေဆိုခွင့်အား (၃) နှစ် ပိတ်ခြင်းခံရမည်ဖြစ်သည်။

(၉) စာမေးပွဲဖြေဆိုရာတွင် ယဉ်ကျေးမှုနှင့်အညီ ၀တ်စားဆင်ယင်ရမည် ဖြစ်သည်။   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။