ဒံဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဟိုတယ်တစ်လုံးတွင် တည်းခိုနေထိုင်သူ အမျိုးသားတစ်ဦး ဆေးကြောင်ပြီး နှစ်လွှာပေါ်မှ ခုန်ချခဲ့သည်ဟုသိရပါတယ်။ဟိုတယ်တွင် တည်းခိုနေထိုင်သူတစ်ဦးနေထိုင်သည့် နှစ်လွှာအခန်းပေါ်မှ ခုန်ချကြောင်း သက်ဆိုင်ရာမှသတင်းရသဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။(၄၆)ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ဟိုတယ်မှ ခုန်ချသူမှာ စိုင်းလောင်ဝ်မိန်း(ခ)မျိုးမင်းစိန် အသက်(၄၀)ကျောက်မဲမြို့တွင်နေထိုင်ပြီး ဆေးဆိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း

သိရပါတယ်။

ခုန်ချသူမျိုးမင်းစိန်ကို သက်ဆိုင်ရာက မြောက်ဥက္ကလာပဆေးရုံသို့ပို့အပ်ပြီးယင်းဟိုတယ်မှ မန်နေဂျာနှင့်အတူ သက်သေများခေါ်ပြီး ယင်းတည်းခိုနေထိုင်သည့် အခန်းအားဝင်ရောက်ရှာဖွေခဲ့ပါတယ်။အခန်းအတွင်းရှိ စားပွဲပေါ်တွင် WYစာတန်းပါ ပန်းရောင်စိတကြွရူးသွပ်ဆေးပြား ၁၁ ပြားနှင့်အတူ အခြားဆက်စပ်ပစ္စည်းများတွေ့ရှိတယ်လို့သိရပါတယ်။မျိုးမင်းစိန်အမည်ပါ မူးယစ်ဆေးစွဲရောဂါကုဆေးခန်းမန္တလေးပြင်လူနာမှတ်တမ်းဌာနနှင့် ဆေးရုံဆင်းလက်မှတ်စာအုပ်တို့ကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါးနှင့်အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသူ စိုင်းလောင်ဝ်မိန်း(ခ)မျိုးမင်းစိန်ကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းက (ပ)၃၀၊၂၀၁၇မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၁၅/၁၆ ဂ ဖြင့်အမှုဖွင့်ထားတယ်လို့သိရပါတယ်။

သတင်းအရင်းမြစ် ဘေရႊ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။