ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးညောင်ပင် ကျေးရွာမှာ ၉ တန်း ကျောင်းသူတဦးအား ခဲအိုဖြစ်သူက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့လို့ အစ်မဖြစ်သူက လုံးတုံရဲစခန်းမှာ သြဂုတ် ၁၆ ရက်မှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ဖြစ်ပွားပုံမှာ တရားလိုမဇင်မာဖြိုးဟာ သြဂုတ် ၁၄ ရက်ညနေပိုင်းက နေအိမ်မှာရှိနေချိန် ညောင်ပင်ကျေးရွာမှာ အစ်မဖြစ်သူ မဇာခြည်ဖြိုးနဲ့ နေထိုင်တဲ့ ညီမအငယ်ဆုံးဖြစ်သူ ၉ တန်းကျောင်သူ မ — ဟာ နေအိမ်ရောက်လာပြီး မဇာခြည်ဖြိုး မရှိခိုက် ခဲအိုဖြစ်သူ ကျော်ခေါင်က သူ့ကို သြဂုတ် ၁၀ ရက် ညနေ ၆ နာရီလောက်မှာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြတဲ့အတွက် ကျော်ခေါင်ကို ဥပဒေအရ အရေးယူပေးပါဖို့ လုံးတုံနယ်မြေရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့တာပါ။

“သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ ကျေးရွာတွေ၊ ကျောင်းတွေမှာ ပညာပေးဟောပြောပွဲတွေ လုပ်နေပါလျက်နဲ့ အင်းတော်ကြီး အိုင်လေးတူကျေးရွာမှာ ဇူလိုင် ၂၄ ရကက လေးတန်း ကျောင်းသူတဦး၊ အခု ကိုးတန်းကျောင်းသူလေးကိုပေါ့၊ ပြုကျင့်သူတွေဟာ ဉာဏ်ရည်မမီတဲ့သူတွေလား ထင်စရာဖြစ်နေပြီ” လို့ အမှုစစ် ရဲအုပ်ဗျက်ဆန်းက ပြောပါတယ်။

လုံးတုံနယ်မြေရဲစခန်း အမှုစစ် ရဲအုပ်ဗျက်ဆန်းက ပြစ်မှုကျူးလွန်သူ ကျော်ခေါင်(ခ) အကြီးကောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်အရေးယူ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် DVB Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။