ဤအမှုဟာ မွန်ပြည်နယ် သထုံမြို့တွင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သေဆုံးသူဦးဖာတစ်ဘော့ဟာ သထုံမြို့အင်းရှည်ကျေးရွာစပ်သံတားအနီး သေဆုံးနေတာဖြစ်ပါတယ်။ဖြစ်စဉ်ဟာ သြဂုတ်လ ၉ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကြာပန်း-၀ီးယော် ခရိင်ချင်းဆက် တံတာအနီးတွင် ချောင်းထဲတွင်သေဆုံးနေခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲမှသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဓားဒဏ်ရာပေါင်း (၃၄)ချက်ဖြစ်သေးဆုံးခဲ့တာဖြစ်တဲ့အတွက် ရဲတပ်ဖွဲမှ အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ရဲတပ်ဖွဲမှပြောပြချက်အရ အလောင်းကိုဆယ်ယူတဲ့အချိန်မှာ ဓားဒဏ်ရာတွေ တွေ့တော့ လူသတ်မှုနဲ့အမှုဖွင့်တယ်။ရဲလုပ်ငန်းအရ လုပ်ပြီးတော သက်သေတွေစစ်ဆေးတယ်

သေသူနဲ့အတူူ အရက်သောက်တဲ့ မောင်ဝင်းဆုုိသူကိုစစ်တယ်။သူပြင်လူ (၁၆) ဦးလောက်စစ်ဆေးတယ်။အဲဒီမှာမောင်ဝင်းကိုမသင်ကာလို (၁၀)ရက်နေ့ညမှာဖမ်းဆီးပြီးတော့ ရမန်းယူစစ်တာတေလုပ်တယ်။သြဂုတ် (၁၅)ရက်နေ့မှာသူဝင်ခံပါတယ် လို့သုဓမ္မဝတီစခန်းမှုးဖြစ်တဲ့ရဲအုပ်မြင့်အေးက ပြောပြပါတယ်။

သေဆုံးဦးဖာတစ်ဘောနဲ့တရားခံဦးမောင်ဝင်းမှာ တူဝရီးတော်သူဖြစ်ပါတယ်။ဦးလေးဖြစ်သူမောင်းဝင်း အသက်(၄၆)နှစ်နှင့် တူဖြစ်သူဖာတစ်ဘော့ဟာ အရက်သောက်စားလာပြီးအပြန်တွင် ဦးမောင်ဝင်းမှ အမွေလိုချင်ရင် ငါ့မိန်းမယူဟုပြောကာမှစ၍ စကားများရာမှ လူသတ်မှုဖြစ်ပွာခဲ့ကြောင်း သိရပါတယ်။

သထုံမြိုသမ္ဘာန်ကျေးရွာ ဒူးရင်ဆိပ်အုပ်စုနေ ဦးမောင်ဝင်းဟာ သေးဆုံးသူဦးဖာတစ်ပေါ့အား ရင်ဘက်ထိုးသွင်းဒဏ်ရာ (၁၉)ချက်၊ကျောဘက်ထိုးသွင်ဒဏ်ရာ (၁၅)ချက် ဦးခေါင်းပေါက်ဒဏ်ရာ၊၀ဲမျက်လုံးအောက်ပေါက်ပြဲ ဒဏ်ရာ၊ခြေသလုံးပွန်းပဲဒဏ်ရာတို့ဖြစ်သတ်ဖြတ်ခဲ့တာဖြစ်တာကြောင့် သုဓမ္မဝတီနယ်မြေရဲစခန်းမှဦးမောင်းဝင်အား (ပ)၁၅၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊အမှုကြီးအမှတ်စဉ်(၂/၂၀၁၇) ဖြင့်အမှုဖွင့်ထားပြီး တရားဆွဲရန်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်းအရင်းမြစ် City News Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။