ကိုရီယားက မိန်းကလေး အဖွဲ့ တွေ စင်ပေါ်မှာသီချင်းဆိုရင် သူတို့ အတွက် မိတ်ကပ်တို့ အကျႌတို့ ဆိုတာ အလွန်အရေးကြီးပါတယ်။ တချို့ အဖွဲ့တွေဆိုရင် သူတို့ ဖက်ရှင်က အရမ်းလန်းလွန်းလို့ပေါက်သွားတာက များပါတယ်။ တိုနံ့နံ့ တွေလဲပါသလို ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ စတိုင်တွေလဲ ပါတာပေါ့နော်။

ကယ် သူတို့ ဘယ်လိုတွေဝတ်ကြလဲဆိုတာကြည့်ရအောင်....

၁)ကျောင်းသူဝတ်စုံ

အဆိုတော်အဖွဲ့တွေက သူတို့ အပြစ်ကင်းစင်တာကို ပြတဲ့ အနေနဲ့ ကျောင်းသူလေးတွေလို ဝတ်ဆင်တတ်ကြပါတယ်။ သူတို့ကို ချစ်ဖို့ကောင်းတဲ့ အသွင်ဖြစ်စေပြီး သူတို့ ဖန် တွေအရမ်းကြိုက်တဲ့ပုံစံပေါ့နော်။

Oh My Girl အဖွဲ့က တန်းနစ် စကပ်နဲ့ ခြေအိတ်အရှည်နဲ့ မိုက်နေတယ်နော်
Gfriend ရဲ့ Vပုံစံ ဆွယ်တာနဲ့ မီးခိုးရောင်စကပ်
DIA က Chaeyoon ဝတ်ထားတဲ့ ရိုးရှင်းပြီး နက်ကတိုင်လေးနဲ့ အကျႌဘလောက်စ်နဲ့ စကပ်လေး

၂)ခါးအပေါ် အတို

ခါးကို ဖော်ထားပြီး ဝတ်တဲ့ အကျႌ ဒဇိုင်းဟာ လဲ အဆိုတော် တွေရဲ့ အကြိုက်ဆုံးပုံစံထဲမှာလဲပါ ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်လိုင်း ကို ပေါ်သလို အရမ်းကို ခေတ်စားတဲ့ စတိုင်မျိုးပါ။

9Muses က Hyemi ရဲ့ ဗိုက်ဖော် အကျႌနဲ့ ခါးတင်ဘောင်းဘီအတို
Red Velvet က အဆိုရှင် Seulgi ရဲ့ ဘောင်းဘီတို အနီလေးနဲ့ ခရော့ အမိုက်စားလေး

၃)တည်ငြိမ်ခြင်းကိုဖော်ပြတဲ့ one-pieces

ဂါဝန် တဆက်ထဲဝတ်ရင်တောင်မိုက်နေတဲ့ဟာကို ဘာလို့ အကျႌ တွေ စကပ်တွေ ဝတ်ပြီး အလုပ်ရှုပ်ခံမှာလဲ? မိန်းကလေးအဆိုတော် တွေ one piece ဝတ်ရင် အရမ်းကို အသေးစိတ်ကျပြီး စူပါစတား ပုံစံ ပေါက်သွားတတ်ပါတယ်။

T-ara ရဲ့ Eunjung ဝတ်ထားတဲ့ အမည်းရောင်နဲ့ ရွှေရောင် ပါတဲ့ one piece လေး
Secret က Hyosung ရဲ့ ဘာမှစိုက်ထုတ်သရာမလိုပဲ လှတဲ့ အဖြူရောင် ဂါဝန်လေး

၄)နွေဦး စတိုင်

နွေရာသီမှာ များသေားအားဖြင့် အဆိုတော်အဖွဲ့ တွေက comeback လုပ်ကြပါတယ်။ နွေဦးပုံစံလေးဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်ပြီး လန်းဆန်းစေတာပေါ့နော်။

ကယ်ဘယ်သူအလှဆုံးလဲပြောသွားဦးနော်

translated by Anna

Source: koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။