အသက် ၂၅ နှစ်အရွယ် အမေရိကန်အမျိူးသားတစ်ဦးအား ဒရုန်းယာဉ်အသုံးပြုပြီး စိတ်ကြွဆေး ၁၃ ပေါင် ၅ဒသမ ၉ကီလိုဂရမ် ကို မက္ကဆီကိုမှ အမေရိကန် သို့ မှောင်ခိုသယ်ယူမှုဖြင့်တရားစွဲချက်တင်ထားတယ်လို့သိရပါတယ်။ယင်းကြောင့် နယ်ခြားစောင့်ရဲများသည် ကောင်းကင်မှ ဒရုန်းမျာကိုပါ ပိုမို စောင့်ကြည့်သင့်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောခဲ့ပါတယ်။ဒရုန်းမောင်နှင်သူက ဖမ်းမမိနိုင်သည့် အဝေးမှနေကာ ဒရုန်းကိုမောင်းနှင်ပြီး မူးယစ်ဆေးများ ပို့ပေးနိုင်သဖြင့် နောက်ပိုင်တွင် ယင်းနည်းလမ်းပိုမိုအသုံးပြုနိုင်ကြောင်းလည်း ဝေဖန်ထားကြပါတယ်။

ဂျော့ဂျ်အက်ဒ်ဝင်ရီဗဲရားဆိုသော လူငယ်သည် မတ်လမှစကာ ဒရုန်းဖြင့် မက္ကဆီကိုမှ အမေရိကန်သို့ မူးယစ်ဆေး အနည်းဆုံးငါးကြိမ်တင်သွင်းခဲ့သည်ဟုဆိုပါတယ်။အမေရိကန်နယ်ခြားစောင့်ရဲများသည် ဒရုန်းတစ်စင်းခြေရာခံမိရာမှ မက္ကဆီကိုနယ်စပ်မှ ကိုက် ၂၀၀၀ မီတာ၁၈၃၀ အကွာတွင် ရီဗဲရားကို မတ်တာဖတ်တမင်းစိတ်ကြွဆေးများထည့်သွင်းထားသည့် ထမင်းချိုင့်၊နှစ်မီတာအမြင့်ရှိသည့် ဒရုန်းနဲ့ အတူ တွေ့ရှိဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဒရုန်းများသည် အလေးချိန်အနည်းငယ်သာ သယ်ဆောင်နိုင်ပြီး မူးယစ်မှောင်ခိုလုပ်ငန်းတွင် အသုံးနည်းသော်လည်း ၂၀၁၅ခုနှစ်တွင် ကယ်လီဖိုးနီးယားသို့ ဟီးရိုးအင်း၂၈ပေါင် ခိုးသွင်းရန်ကြံမှု အာရီဇိုးနားသို့ ဆေးခြောက်ပေါင် ၃၀ ခိုးသွင်းရန်ကြံစည်မှုတို့တွင် သုံးစွဲခဲ့သည်ဟုတွေ့ရပါတယ်။

သတင်းအရင်းမြစ် AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။