မန္တ​လေးမြို့တွင်​ ယာယီနံပါတ်​များဖြင်​့ ​မောင်​းနှင်​​နေသည်​့ ​မော်​​တော်​ယာဉ်​များနှင်​့ ပြိုင်ကားပုံစံ ပြောင်းလဲပြုပြင်​ထား​သော ​မော်​​တော်​ယာဉ်​များအား သြဂုတ်​လဆန်​းက စတင်​၍ မန္တ​လေးယာဉ်​ထိန်​းရဲတပ်​ဖွဲ့ခွဲ၊ နယ်​မြေတပ်​စုများမှ သက်​ဆိုင်​ရာနယ်​​မြေအလိုက်​ အဖွဲ့များခွဲ၍ စစ်​​ဆေးကာ ​နေ့/ညဖမ်​းဆီးအ​ရေး​ယူနေပြီဖြစ်​​ကြောင်​း သိရသည်​။

ယာယီနံပါတ်​ဆိုတာ အများပြည်​သူသွားလာအသုံးပြုတဲ့ လမ်​းများ​ပေါ်မှာ ​မောင်​းနှင်​ခွင်​့မရှိပါဘူး။ ခြွင်​းချက်​အ​နေနဲ့ ကားအ​ရောင်​းကုမ္ပဏီ၊ ဒါမှမဟုတ်​ မိမိတို့အိမ်​က​နေ ကညနရုံးကို မှတ်​ပုံတင်​သွားဖို့အတွက်​ အနီးစပ်​ဆုံးလမ်​းက​နေပဲ သွားလာခွင်​့ရှိပါတယ်။ နောက်​ အချို့ကား​တွေက ယာယီသက်​တမ်​းကုန်​တာကြာ​နေပြီ။

ဒါက်ို မှတ်​ပုံတင်​ဖို့ မလုပ်​ကြဘဲနဲ့ ​မောင်​း​နေကြတယ်​။ အဲဒီ​တော့ သတ်​မှတ်​အချိန်​အတွင်​းမှာ မှတ်​ပုံမတင်​ရင်​ လိုင်​စင်​မဲ့ကား ဖြစ်​သွားပါမယ်​။ ပြိုင်​ကားပုံစံ ပြုပြင်​​ပြောင်​းလဲထားတဲ့ ကား​တွေကိုလည်​း အခုဖမ်​းဆီးအ​ရေးယူ​နေပါပြီ။ တချို့ဟာတွေက ပြုင်​ကားအစစ်​​တွေ မဟုတ်​ဘူး။ Mark II ​ရွှေငါးလိုကားတွေကို ပုံ​ပြောင်​း၊ ပါဝါအိပ်​​ဇောတပ်​ပြီး ​မောင်​း​နေကြတယ်​။

သတ်မှတ်​စည်​းကမ်​းချက်​​တွေနဲ့ မညီရင်​​တော့ အ​ရေးယူမှာပါ။ အခုဖမ်​းထားတဲ့ ယာယီနံပါတ်​ သက်​တမ်​းကုန်နေတဲ့ယာဉ်​​​တွေကို ​မော်​​တော်​ယာဉ်​ဥပ​ဒေနှင်​့အညီ တရားစွဲ အရေးယူသွားမယ်​။ နောက်​ သက်​ဆိုင်​ရာဌာနမှာ မှတ်​ပုံတင်​ဖို့ ဆောင်​ရွက်​ခိုင်းမယ်​။

အိတ်​​ဇောသံ ဆူညံ​တဲ့ ကား/ဆိုင်​ကယ်​များ​ကိုလည်​း မီးပွိုင်​့ဖြတ်​ချိန်အပြင်​ ​နေခင်​းပိုင်​းနဲ့ ညည်​့နက်​ပိုင်​းအချိန်​များမှာလည်​း ​တွေ့ရှိပါက ဖမ်​းဆီးအ​ရေးယူ​နေပါပြီ။ နောက်​လည်​း ဆက်​လက်​ ဖမ်​းဆီးအရေးယူမှု​တွေကို ​ဆက်​လက်​ဆောင်​ရွက်​သွားမှာပါ"ဟု ​နယ်​​မြေတပ်​ဖွဲ့စုမှ အရာရှိတစ်​ဦးက​ ့ ပြောကြားသည်​။

Credit - မန္တလေးသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။