မလေးရှားနိုင်ငံဟာ စည်းစနစ်အားနည်းမှုကြောင့်ဝေဖန်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။လွန်ခဲ့သော မြန်မာလာအိုပွဲမှာ မြန်မာပရိတ်သတ်များကွင်ပြင်တွင်ထွက်ကြည့်ခဲ့တဲ့အတွက် မလေးရှားဘက်မှလဲ မြန်မာဘက်ကို မနေ့ကတရားဝင်တောင်းပန်လာပါတယ်။မြန်မာ အသင်းနှင့်မလေးအသင်းတို့ဟာ လာမယ်သြဂုတ်လ (၂၁)ရက်နေ့မှာရောက်ရှိလာမဲ့ အုပ်စုအသင်းနောက်ဆုံးပွဲစဉ်အတွက် နှစ်ဖက်စလုံးအပြိုင်အဆိုင်ကစားကျမှာဖြစ်ပါတယ်။

ထိုနေ့မှာ ပရိတ်သတ်များစွာလက်ရောက်ကြည့်ရူမှာဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်အသင်းနဲ့ကစားရမှာဖြစ်တဲ့အတွက် ပွဲအတွင်း ပရိတ်သတ်အချင်းချင်းထိခိုက်နှစ်နာမှုများမရှိစေရန် မြန်နိုင်ငံနိုင်ငံဘောလုံးအဖွဲချုပ်မှတာဝန်ရှိသူများနှင့် မလေးဘောလုံးအဖွဲချုပ်မှတာဝန်ရှိသူများ နှစ်ဖက်တွေ့စုံဆွေးနွေးခဲဲ့ပြီး ဆွေးနွေးမှုအပြီးတွင် မလေးရှားဘက်မှ လုံခြုံရေးအတွက် အာမခံကြောင်း အထူးကြပ်မတ်ပေးသွားမယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်မှ ၄င်းတို့ဖေ့ဘုတ်ပေါ်တွင်ဖော်ပြပေးခဲ့ပါတယ်။

ဆွေနွေးရာတွေလဲ လုံခြံုရေး၊လတ်မှတ်ရောင်းချရေး၊ပြိုင်ပွဲကျင်ပရေးတို့ကိုပါဆွေးနွေခဲ့ပါတယ်။ထိုနေ့အတွက်ကိုတော့ လက်မှတ်တွေကို အွန်လိုင်းနဲ့ရှာအလန်းကွင်း ဂိတ်(A)မှာ ၀ယ်ယူနိုင်ပြီးယနေ့ နေ့လည်(၁၂)နာရီမှ ညနေ(၄)နာရီအထိ မနက်ဖြန်မှာတော့ မနက်(၁၀)နာရီမှ ပွဲမစတင်ခင်အထိ ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

မြန်မာ-မလေးပွဲဟာဆိုရင် မလေးရှာနိုင်းငံတွင် လူစိတ်ဝင်စားမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပါတယ်။ထို့နေ့မှာ အိမ်ရှင်လဲအနိုင်လို့ချင်သလို ဧည်သည်လဲအနိုင်လိုချင်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။မလေးရှားအသင်းဟာအောင်သူကို ထိန်းချုပ်ဖို့အတွက် အစီစဉ်တွေစွဲနေလောက်ပါပြီ။

သတင်းအရင်းမြစ် DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။