အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ စနေနေ့က ခရီးသည်တင်ရထားလမ်းချော်ကျရာမှာ လူ ၂၃ ဦးထက်မနည်းသေဆုံးပြီး အခြားလူတွေ ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ လူစီးတွဲ ၆ တွဲထက်မနည်းပါတဲ့ Kalinga-Utkal ရထားလိုင်းဟာ Uttar Pradesh ပြည်နယ်ထဲမှာ လမ်းချော်ကျပြီး တွဲအချင်းချင်း တိုက်မိသွားခဲ့တယ်လို့ ပြည်နယ်ထိပ်တန်း အရာရှိတဦးဖြစ်သူ Arvind Kumar ကပြောပါတယ်။

ရထားလမ်းချော်တိမ်းမှောက်သွားရတဲ့အကြောင်းရင်းကို ချက်ချင်း မသိရသေးဘူးလို့ ရထားလမ်းပြောခွင့်ရသူ Neeraj Sharmaကပြောပါတယ်။ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကိုကယ်ထုတ်ပေးတဲ့ရဲတို့ကို ဒေသခံ စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းကူညီပေးပါတယ်။ ဒဏ်ရာရသွားသူတွေကို ဒေသတွင်းဆေးရုံကို ပို့ဆောင်ပေးထားပြီး လူနာတွေရဲ့အခြေအနေတွေတည်ငြိမ်နေတယ်လို့ ဆရာဝန်တို့ကပြောပါတယ်။

Kalinga-Utkal ရထားလိုင်းဟာနိုင်ငံ မြောက်ပိုင်းက ဟိန္ဒူတို့ရဲ့ အထွဋ်အမြတ်ထားရာ Haridwar မြို့နဲ့ အရှေ့ပိုင်းက ဘုရားကျောင်းတွေရှိရာ Puri မြို့ကို ဆက်သွယ်ပြေးဆွဲတာဖြစ်ပါတယ်။

သတင်းအရင်းမြစ် VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။