ဗိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမှုတွင် တရားခံ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့သည် အပြစ်မရှိကြောင်း ဥပေးအရ နောက်ဆုံး အပြီးသတ်တောင်းဆိုတင်ပြခွင့်ရှိသော ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးသို့ တင်သွင်းခြင်း ဖြစ်သည်။“သူတို့က မူလတရားရုံး(ကော့စမွေ)မှာ တင်ပေးရတာဖြစ်ပြီးတော့ အဲဒီမူလတရားရုံးကနေတဆင့် အမှုတွဲပါ အဆင့်မြင့်ဆုံး တရားရုံးကို တစ်ခါတည်းပို့ပေးလိုက်ရတာပါ။ ထိုင်းရှေ့နေမ နှစ်ယောက်သွားပါတယ်။ ၉ နာရီခွဲ က တင်ပြီးသွားပါပြီ”ဟု မြန်မာသံရုံးအဖွဲ့ ကိုယ်စားလှယ် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ယနေ့ အယူခံ တင်သွင်းခဲ့ပြီးနောက် ထိုင်းအဆင့်မြင့် တရားရုံးက တရားသူကြီးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း၍ ပြန်လည် သုံးသပ်ကာ လာမည့် ၆ လအတွင်း အမှုဆုံးဖြတ်ပေးနိုင်မည်ဖြစ်သော်လည်း သည့်ထက်လည်း စောလျှင်စွာလည်း ချနိုင်သည်ဟု မြန်မာသံရုံးအဖွဲ့ ကိုယ်စားလှယ် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ပြီးခဲ့သည့် ၅ နှစ်ခန့်က ထိုင်းနိုင်ငံအတွင်း ဆန္ဒပြသူများကြားတွင် လူတစ်ဦး သေနပ်ပစ်ခတ်လိုက်သည့် သေဆုံးသွားသည့် အမှုတွင် ပစ်ခတ်ခဲ့သည့် လူ၏ ဓာတ်ပုံကို စီစီတီဗီတွင် မြင်ရသလို၊ သူကိုယ်တိုင်လည်း ဝန်ခံခဲ့သော်လည်း အောက် တရားရုံးတွင် သေဒဏ်ချခံခဲ့သေ်ာလည်း အဆင့်မြင့်တရားရုံးတွင် တရားသေလွတ်ခဲ့ပြီး အမှုကို ပိတ်လိုက်ရသည့် ထိုင်း ဥပဒေအရ ခံစားခွင့်ရှိခဲ့သဖြင့် မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုကိုလည်း ခံစားခွင့်ရလိမ့်မည်ဟု မျော်လင့်ချက်ရှိနေသည်ဟု သူက ပြောသည်။

“အန်ကယ်ကတော့ ထိုင်းနိုင်ငံမှာ ဥပဒေတစ်ခုပဲရှိတယ်။ ဒါကြောင့်မို့ ထိုင်းဥပဒေအတိုင်းလိုက်နာပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်တဲ့ဟာတွေကို ဘယ်နိုင်ငံသားမဆို ဒီဥပဒေ ခံစားခွင့်ကို ရမယ်လို့ မျော်လင့်တယ်။ ဒါကြောင့်မလို့ ဒီကလေးတွေဟာ ကောင်းတဲ့ရလဒ်ကောင်း ရမယ်ဆိုတာပဲ လုံးဝ ယုံကြည်တယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ထို့ပြင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် အပြစ်မရှိကြောင်း သတ်မှတ်ထားပြီး အကယ်၍ သေဒဏ် ချမှတ်ပါက ရာနုန်းပြည့် အထောက်အထား ခိုင်ခုံမှု ရှိရမည်ဖြစ်သော်လည်း ယခု အမှုတွင် ချွတ်ယွင်းချက် အများအပြား ရှိနေသဖြင့် ၎င်းတို့နှစ်ဦးအား သေဒဏ်ချမှတ်ခြင်းသည် မှန်ကန်မှု ရှိသည်ဟု ပြောဆို၍ မရကြောင်း သူက ဆက်ပြောသည်။ သူတို့ နှစ်ဦး၏ ရှေ့နေများက ပထမ တင်သွင်းခဲ့သော အယူခံကို မတ်လ ၁ ၇က်နေ့က ထိုင်းတရားရုံးက ပယ်ချခဲ့သဖြင့် နောက်ဆုံး အပြီးသတ် အယူခံအတွက် အချိန် ၅ လကြာ ပြင်ဆင်၍ ယနေ့တွင် ထိုင်းရှေ့နေများကောင်စီက အယူခံကို ထပ်မံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သတင်းအရင်းမြစ် Mizzima - News in Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။