လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ရက်ပေါင်း ၄၀ ကျော်အတွင်း ရေဘေးသင့်သူဦးရေ ၂၁၁,၆၀၀ ဦး ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက် ရှိရာ ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို ပိတ်သိမ်းထားပြီးဖြစ်သည်။


အိမ်ထောင်စု ၁၇,၉၉၀ စုခန့်နှင့် လူဦးရေ ရ၁,၅၃၁ ကျော်ခန့်သည် ယာယီကယ်ဆယ်ရေးစခန်းများတွင် ရှိနေဆဲဖြစ်ကြောင်းကိုလည်း ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

စိုးရိမ်ရေမှတ်များအထက် မြင့်တက်နေသည့် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ အခြေအနေသည်လည်း လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်များအထက် ဆက်လက်မြင့်တက်နိုင်သောကြောင့် မြစ်ကမ်းနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်သင့်သည်ဟု မိုးလေဝသနှင့်

ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။

ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်များတွင်

နေရာကွက်ပြီး မိုးကြီးနိုင်သောကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ

သတင်းထုတ်ပြန်ထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။