ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်တွင်နေထိုင်သော ၃၅ နှစ်အရွယ်တရားလိုသည် သူ၏ဇနီးဖြစ်သူက ဇူလိုင်လ ၂၃ ရက်နေ့က နေအိမ်မှဆင်းသွားသဖြင့် အိမ်သို့ပြန်လည်ရောက်ရှိရန်အတွက် ဓာတ်ရိုက်ဓာတ်ဆင်ဆရာတစ်ဦးထံအကူအညီတောင်းပြီး ရှာခိုင်းခဲ့ရာ တစ်ရပ်ကွက်တည်းနေသူ၏ နေအိမ်တွင် ရှိကြောင်းသိရသဖြင့်နေအိမ်သို့ခေါ်ဆောင်ခဲ့သည်။ထို့နောက် (၁၁)နှစ်အရွယ်ကလေးဗိုက်ထဲတွင် အလုံးတစ်လုံးရှိသဖြင့် ဆေးကုသပေးမည်ဟုပြောကာလိင်တူဆက်ဆံခဲ့သော အသက် ၆၁ နှစ်အရွယ် ဓာတ်ရိုက်ဓာတ်ဆင်ဆရာကို သြဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားကြောင်းသိရသည်။ 

ဓာတ်ရိုက်ဓာတ်ဆင်ဆရာ ဦးအောင်မင်းစိန်သည် ၁၁ နှစ်အရွယ် ခြောက်တန်းကျောင်းသားဗိုက်ကို ကိုင်ကာ ဗိုက်အတွင်းတွင် အလုံးရှိကြောင်းပြောသည်။ထို့နောက် တစ်ညဆေးကုသရမည်ဟုဆိုသဖြင့် တရားလို၏သားဖြစ်သူကို ယင်းနေ့ည၉နာရီတွင် ဓာတ်ရိုက်ဓတ်ဆင်ဆရာနေထိုင်ရာ လေးထောင့်ကန်ရပ်ကွက်သို့ပို့ဆောင်ခဲ့ ကြောင်းသိရသည်။

ည ၁၁ နာရီခန့်တွင် တရားလို၏သားဖြစ်သူ ငိုပြီးပြန်လာသဖြင့် မေးမြန်းရာ ဓာတ်ရိုက်ဓာတ်ဆင်ဆရာဦးအောင်မင်းစိန်က အတူအိပ်ကာ လိင်တူဆက်ဆံလိုက်ကြောင်း ပြန်လည်ပြောပြခဲ့သဖြင့် ဥပဒေအရအရေးယူပေး ရန်သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။ဒဂုံတောင်မြို့မရဲစခန်းက (ပ)၁၄၃၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်းအရင်းမြစ် ဘေရႊ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။