သြဂုတ်လ(၂၂)ရက်နေ့၊ ည(၉) ကျော်ဝန်းကျင်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ မီးလောင်ရသည့် အကြောင်းရင်းမှာ ကွန်တိန်နာကားတစ်စီးမှ ဆီဘောက်ဆာကားကို အနောက်မှ ဝင်တိုက်ပြီး လောင်ကျွမ်းရခြင်း ဖြစ်သည်။ 

ည(၁၀)နာရီကျော်ထိ မီးမငြိမ်းသေးပဲ အနီးရှိ(၃)ထပ်တိုက်တစ်လုံးနှင့် နေအိမ်(၇)လုံးတို့ ကူးစက်လောက်ကျွမ်းခဲ့သည်။ ည(၁၀)နာရီ မိနစ်(၅၀) အချိန်တွင် မီးငြိမ်းသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ည(၁၁)နာရီ အထိ နေအိမ်အချို့ ဆက်လက်လောင်ကျွမ်းခဲ့ပြီး ည(၁၁)နာရီးကျော်တွင် မီးငြိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်နေရာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုအား မီးသတ်ကား အစီး(၁၀၀)ခန့်နှင့် အရေးပေါ်လူနာတင်ယာဉ်(၂၀)ခန့် မီးငြိမ်းသတ်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ ကြက်ခြေနီအင်အား(၂၄၃)ယောက်၊ ကြက်ခြေနီနှင့် လူမှုရေးအဖွဲ့မှ ကား(၂၃) စီးဖြင့် လာရောက်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။  

သတင်းအရင်းမြစ် Mizzima-New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။