သြဂုတ်လ(၂၂)ရက်နေ့မနက်(၁၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဆုံကုန်ကျေးရွာမှာ လူ ၁ ဦးကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြို့မစခန်းမှုးပြောပြချက်အရ သိရပါတယ် ။

အဆိုပါ အမျိုးသားဟာ ဆုံကုန်းကျေးရွာ ဘုရားလမ်းဘေး လူမနေတဲ့ခြံအလွတ်ရှိအမြင့် ၁၀ ပေလောက်ရှိတဲ့ ကုက္ကိုပင်မှာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ လက်သီးဆုပ်ထားလျက် ပါးစပ်က သွားရည်တွေကျပြီး သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒုရဲမှူးဇော်မိုးက “ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ ခုတော့ရဲဆေးစာနဲ့ အလောင်းကို ဆေးရုံကို ပို့ထားပါတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနေပါပြီ။ အမှုကတော့ သေမှုသေခင်းနဲ့ ဖွင့်ရမှာပါ” လို့ ဒီဗွီဘီ ကိုပြောခဲ့ပါတယ်။

သေဆုံးသူ ဇော်ဝမ်းအသက (၄၄)နှစ်ရှိ ဆိုသူဟာ ဂျောင်းတာကျေးရွာမှာ နေထိုင်ပြီး ဆုံကုန်ကျေးရွာကို အလည်လာနေတဲ့အချိန်မှာ ခုလိုဖြစ်သွားတာဖြစ်ပြီး ဇော်ဝမ်းမှာ အရက်သေစာ သောက်စားတက်ပြီး မိသားစုစီးပွားရေးအဆင်မပြေလို့ စိတ်ညစ်နေသူတဦးဖြစ်ကာ ဘယ်သူနဲ့မှလည်း ရန်ငြိှုး ရန်စရှိသူမဟုတ်ဘူးလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်လေးပင်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် (၁၅/၁၇) အမှုဖွင့်ထားထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

သတင်းအရင်းမြစ် DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။