ကချင်ပြည်နယ်၊ ဖားကန်မြို့ဆိုင်းတောင် ကျောက်စိမ်းထွက်ရှိရာ ဒေသအနီးရှိ ကျောက်သွေးတောင်မှာ နိမ့်ဆင်းလာ၍ ကာကွယ်ထိန်းသိမ်းရန် အလွန်အရေးကြီးနေကြောင်း သိရှိရပါသည်။ ကျောက်သွေးတောင်သည် တိုင်းရင်းဆေးဖော်စပ်ရာတွင် အလွန် တန်ဖိုးရှိသော သဘာဝတွင်းထွက်ပစ္စည်းဖြစ်သည့်အတွက် တန်ဖိုးထား ထိန်းသိမ်းသင့်ကြောင်း သိရသည်။

ကျောက်သွေးတောင်မှ ထွက်ရှိသော ကျောက်သွေးဖြင့် ဒူလာပါဒရက်၊ လေသာခရောဂါများကို ကုသနိုင်ဟုလည်း သိရှိရပါသည်။ သို့သော် ကျောက်စိမ်းရရှိရေး အတွက်သာလျှင် လုပ်ကုန်နေကြပြီး တစ်နှစ်ထက်တစ်နှစ် တိုးချဲ့၍ ကုမ္ပဏီများက ကျောက်စိမ်းရှာဖွေနေကြလျက်ရှိရာ ကျောက်သွေးတောင်မှာ နိမ့်ဆင်းလာလျက်ရှိကြောင်း သိရှိရပါသည်။

လူဦးရေများပြားစွာ လုပ်ကိုင်လာမှုကြောင့် မိုးတွင်းကာလတွင် ရေစီးကြောင်းနှင့် စွန့်ပစ်မြေစာများ မျောပါကျဆင်းလာရာ ဝှေးခါးချောင်း၏ ကြမ်းပြင်မြင့်တက်လာသည်။ တစ်ဖန် ကုမ္ပဏီများ ၀င်ရောက်လာကာ တိမ်ကောသွားသော နေရာများတွင် လုပ်ပိုင့်အကွက်များ ချပေးလိုက်သဖြင့် ကုမ္ပဏီအများစုက စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းရှာဖွေလာကြသဖြင့် နှစ်ကြာလာသည့်အခါ အနီးရှိ ကျောက်သွေးတောင်မှာ နိမ့်ဆင်းလာသည်။

ယခုအခါ ကျောက်သွေးကျဆင်းခြင်းမရှိတော့ဘဲ တောင်အောင်လိုဏ်ဂူလည်း ပိတ်ဆို့ ပျောက်ဆုံးသွားခဲ့ပါသည်။ ဝှေးခါးချောင်းတွင် ကျောက်စိမ်း မထွက်တော့သည့်အတွက် ကျောက်စိမ်းရှာဖွေမှုများ မရှိတော့သော်လည်း ကျောက်သွေးတောင်ကြီးမှာမူ နိမ့်ဆင်းလာလျက်ရှိနေပြီ ဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။