အသက် မပြည့်သေးတဲ့ သမီးဖြစ်သူအား လူတစ်ဦးမှ ခိုးယူပေါင်းသင်းခဲ့သောကြောင့် တရားစွဲခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ တိုင်တန်းသူက သမီးဖြစ်သူ အသက်(၁၄)နှစ်အရွယ် ၈တန်းကျောင်းသူအား ခိုးယူပေါင်းသင်းခဲ့သည့် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးအား ခရိုင်တရားရုံးသို့ သြဂုတ်လ ၂၁ရက်နေ့က တရားစွဲခဲ့သည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သည့် တိုင်တန်းသူကို စက်တင်ဘာ ၂၃ရက်နေ့ ကအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူ ၈တန်းကျောင်းသူ၏ ကျောင်းဆရာမက ဖုန်းဆက်ခဲ့သည်ဟု သိရှိရသည်။ 

ကျောင်းမှ အတန်းပိုင်ဆရာမက ၈တန်းကျောင်းသူ မ(….)သည် ကျောင်းသို့မလာကြောင်း တိုင်တန်းသူကို ဖုန်းဆက်ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရန် တိုင်တန်းသူက သမီးဖြစ်သူကို လိုက်လံရှာဖွေခဲ့သည်။ ယင်းသို့စုံစမ်းရာ သမီးဖြစ်သူ၏ရည်းစား သိန်းသန်းဦးဆိုသူက သွေးဆောင်ဖြာယောင်းသွားကြောင်းသိရှိရသည်။ သိန်းသန်းဦးသည် ဒဂုံမြို့သစ်တောင်ပိုင်း ၆၅ရပ်ကွက်ရှိ သူ၏သူငယ်ချင်းအိမ်တွင် နေထိုင်ကြောင်း သိရသည်။ 

သို့ဖြစ်၍ ထိုအိမ်သို့ တိုင်တန်းသူက လိုက်သွားရာ သမီးဖြစ်သူကိုသာ တွေ့ရှိရပြီး သိန်းသန်းဦးကို မတွေ့ရပေ။ သို့ဖြစ်၍ သမီးဖြစ်သူအား မေးမြန်းကြည့်ရာ ကျောင်းမတက်သဖြင့် အိမ်မပြန်ရဲတော့ဘဲ သိန်းသန်းဦးနောက်သို့ ခိုးရာလိုက်ပြေးခဲ့သည်။ မိန်းကလေးအား သိန်းသန်းဦးမှ သူ၏သူငယ်ချင်းနေအိမ်သို့ ခေါ်ဆောင်ကာ လက်ထပ်မည်ဟု ပြောပြီး သားမယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့သည်။ စက်တင်ဘာ၂၄ရက်နေ့တွင် သိန်းသန်းဦးက အိမ်ငှားရန် သွားကြည့်မည်ဆိုကာ ပြန်မလာတော့ကြောင်းသိရှိရသည်။ သို့ဖြစ်၍ အသက်မပြည့်သေးသူအား ခိုးယူပေါင်းသင်းသည့် သိန်းသန်းဦးကို ဒဂုံမြို့သစ် တောင်ပိုင်း မြို့မရဲစခန်းက (ပ)၁၇၇၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုဖွင့်ထားသည်ဟု သိရှိရသည်။ 

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။