လူရွှင်တော်ဦးမန်းဝင်း အဆုတ်ရောဂါနှင့် ကွယ်လွန်ခဲ့သည်ဆိုသော သတင်းမှာ အမှန်မဟုတ်ဘဲ Facebookတွင် လူအများက ထိုသတင်းအား ထပ်ဆင့်Shareနေကြသည်ကို တွေ့ရသည်။ ဦးမန်းဝင်း၏ ရောဂါမှာလဲ အဆုတ်ရောဂါမဟုတ်ဘဲ ကျောက်ကပ်ရောဂါဖြစ်၍ လက်ရှိတွင် ကွယ်လွန်ပြီဆိုသော သတင်းအခိုင်အမာမရှိသေးဘဲ နောက်ဆုံးရသတင်းမှာ ဆေးရုံကဆင်းပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းမှ တင်ထားသည်ကို တွေ့ရသည်။

ထိုသတင်း၏အောက်တွင် ဦးမန်းဝင်းပရိသတ်များက ကောင်းရာသုဂတိလားပါစေဟု ဆုတောင်းခဲ့ကြပြီး အချို့သောပရိသတ်များကတော့ ရောဂါအမည်လွဲနေ၍ သတင်းအမှားဖြစ်ကြောင်း ထောက်ပြခဲ့သည်။

" လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ ကျန်းမာရေး

ဖေဖေဆေးရုံကဆင်းပြီ။ကျောက်ကပ်ဆေးဖို့လက်ကိုအကြောမွေးထားပါပြီ။အခုလောလောဆယ်လည်ပင်းကပဲဖောက်ပြီးဆေးရပါဦးမယ်။၄ခါဆေးပြီးတဲ့အခါဆီးဆိပ် ၁၉၀၅မှ၁ဝဝဝအထိကျသွားပါပြီ။ဖေကြီးကိုကူညီအားပေးထောက်ပံ့ ကန်တော့ကြတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ကုမ္ပဏီများ၊ဖောင်ဒေရှင်းများ၊ပရိတ်သတ်များ၊အနုပညာရှင်များ၊အထူးသဖြင့်ဖေကြီးကိုဂရုစိုက်ပြုစုကုသပေးပါသောရန်ကုန်ဆေးရုံကြီးနှင့်ကုတင်၅ဝဝဆေးရုံမှဆရာဝန်ကြီးများ၊ဆရာမကြီးများ၊ဝန်ထမ်းများအားလုံးကိုအထူး အထူးကျေးဇူးတင်ပါတယ်ရှင်။ဖေကြီးကသက်သာပါတယ်။ကျောက်ကပ်ကိုတော့ ရာသက်ပန် တစ်လကို ၈ကြိမ်ဆေးရပါမယ်။ဖေကြီးကိုစိတ်ပူပေးကြတဲ့ ပြည်တွင်း ပြည်ပမှာရှိကြတဲ့ဖေကြီးပရိတ်သတ်များကိုရိုသေစွာကျေးဇူးတင်ပါကြောင်းရှင်။ဖေကြီးရဲ့ဖုန်းနံပါတ်က ၀၉၅၁၃၆၈၃၆ ပါရှင်။ဖေကြီးရဲ့ကျန်းမာရေးအခြေနေမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးအထူး အထူးတင်ပါတယ်ရှင်။

ကြည်ဖြူမန်းဝင်း" ဟူ၍ သမီးဖြစ်သူမှ နောက်ဆုံးတင်ထားခဲ့သည်ကိုတွေ့ရပါသည်။

သရုပ်ဆောင် ပိုုင်ဖြိုးသု မှ ဦးမန်းဝင်း ရဲ့ ကျန်းမာရေးအခြအနေအရ တစ်ပတ် (၂) ကြိမ်ထိုးရတဲ့ သွေးအားတိုးဆေးကို ဦးမန်းဝင်း အတွက် ရာသက်ပန်လှူဒါန်းသွားမယ်လို့ သိရပါသည်။ ပရိသတ်များကို ရယ်မောစေခဲ့သည့် လူရွှင်တော်ကြီး ဦးမန်းဝင်းနေမကောင်းသည့်အချိန်တွင် အနုပညာလောကသားများမှ အချင်းချင်း လာရောက်အားပေးကူညီခဲ့ကြကြောင်းနှင့် သတင်းအမှန်ကို ပြန်လည်ပြင်ဆင်တင်ပြအပ်ပါသည်။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။