သက်တမ်း ၅၈ နှစ်ရှိပြီးဖြစ်သော ရန်ကုန်မြို့ပတ်မီးရထားလမ်းများအား နိုင်ငံတော်ဘတ်ဂျက် ကျပ် ၅ဝ ဘီလီယံ ခန့် အသုံးပြုပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။နိုင်ငံတော်ဘတ်ဂျက်ဖြင့် ရန်ကုန်မြို့ပတ်မီးရထားလမ်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို လာမည့် အောက်တိုဘာလဆန်းမှ စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့အရှေ့ဘက်ခြမ်းရှိ ရထားလမ်းများ၊ ရန်ကုန်အနောက်ပိုင်းခြမ်းရှိ ရထားလမ်းကို ၂ နှစ်စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

“ အဓိက အဆင့်မြှင့်တင်မယ့် လုပ်ငန်းက ၃ ခုရှိတာပေါ့။ ကျွန်တော်တို့ ရန်ကုန်မြို့ပြက ရထား အချက်ပြစနစ် ပေါ့နော်။ အချက်ပြစနစ်က အားလုံးကို အသစ်ပြန်လုပ်မယ်။နောက်တစ်ခုကတော့ အဲ့ဒီမှာရှိတဲ့ ရထားတွဲတွေပေါ့။ တွဲတွေ၊ စက်ခေါင်းတွေက နှစ် ၃ဝ ကျော် နေပြီ ဖြစ်တဲ့အတွက် သက်တမ်းကုန်နေပြီ။ ဒါကြောင့် အသစ်ဝယ်မယ်။ အခုပြေးနေတဲ့ ဂျပန်က ဝယ်တဲ့ ပုံစံမျိုး တွေ အသစ်ဝယ်ဖို့ရှိတယ်။ နောက်တစ်ခုက သံလမ်းတွေ၊ ကျောက်တွေ၊ ပလက်ဖောင်းတွေ၊ ရေမြောင်းတွေကို ပြန်ပြီး ပြုပြင်မှုတွေလုပ်မယ်။ အဲ့ဒီအပိုင်းတွေကိုတော့ ကျွန်တော်တို့က နိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်မယ်။ အ ချက်ပြစနစ်နဲ့ ရထားအတွဲသစ်တွေကတော့ ဂျပန်ချေးငွေနဲ့ လုပ်မှာပါ ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း မြို့ပတ်မီးရထားများအား အစီးရေ ၂၂ စီးခန့်၊ အတွဲပေါင်း ၈ဝ ကျော်ဖြင့် နေ့စဉ် အခေါက်ရေ ၂၁ဝ ကျော်ပြေးဆွဲပေးနေပြီး တစ်ရက်လျှင် ခရီးသည် ဦးရေ ကိုးသောင်းနီးပါး ခန့်စီးနင်းနေသည်။ထို့ကြောင့် ရထားလမ်းအဆင့်မြှင့်တင်မှု ပြီးစီးပါက နေ့စဉ် ခရီးသည်ဦးရေ ၃ ဆထိ တိုးမြှင့်ပို့ဆောင် ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

သတင်းအရင်းမြစ် ရဲနိုင်(လောက်ကိုင်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။