၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း” သည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် နှစ် ရ၀ ပြည့်မြောက်ပြီဖြစ်ပါသည်။ မြန််မာနိုင်ငံရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ပညာမျက်စိကို ဖွင့်လှစ်ပေးရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို နောင်တွင် မြန်မာဆန်ဆန် ခေါ်နိုင်ရန်အတွက် “စာပေဗိမာန်” ဟု ပြောင်းလဲ ခေါ်တွင်စေခဲ့ပါသည်။ စာပေဗိမာန်၏ လက်စွဲဆောင်ပုဒ်ဖြစ်သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်ဖြင့် အသင်း၏ ရည်ရွယ်ချက်နှင့်အညီ ဘာသာပြန်စာပေဖွံ့ဖြိုးရေး၊ မြန်မာစာပေ ဖွံ့ဖြိုးရေးတို့ကို တိုးတွက်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပါသည်။


စာပေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အစဉ်အလာကောင်းများဖြင့် စာပေဗိမာန် နှစ် (၇၀) ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် စာပေဗိမာန် အဆောက်အအုံတွင် ကျင်းပမည်ဖြစ်ပါသည်။ ထိုဟောပြောပွဲတွင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) နှင့် ဆရာကြီး ညွှန့်ဟံ (ကြူတော) တို့က စာပေရေးရာများ ဟောပြောမည်ဖြစ်ပြီး စာပေမြတ်နိုးသူများ ကြွရောက်အားပေးနိုင်ရန်အတွက်လည်း ဖိတ်ကြားခဲ့ပါသည်။


စာပေဗိမာန် နှစ် ရ၀ ပြည့် အထိမ်းအမှတ် မှတ်တမ်းစာအုပ်များကိုလည်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ စာပေဗိမာန် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲကို တက်ရောက်လိုသူများအနေဖြင့် အမှတ် (၅၂၉/ ၅၃၁)၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အအုံသို့ တက်ရောက် အားပေးနိုင်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။