Netflix ဆိုတာ အအောင်မြင်ဆုံး Streaming Service တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Netflix ကထုတ်တဲ့ ဇာတ်လမ်းတွဲကို လူကြည့်များအောင်လုပ်ဖို့အရမ်းကြိုးစားရပါတယ်။ Netflix ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲတွေထဲမှာ Stranger Things လည်းအပါအဝင်ဖြစ်ပါတယ်။ မကြာခင်မှာပဲ နောက်ဆုံး Season နဲ့ အဆုံးသတ်တော့မယ့် Stranger Things နေရာမှာ အခြားအောင်မြင်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကို အစားထိုးဖို့ အရမ်းလိုအပ်လာခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အစားထိုးဖို့သပ်သပ် လုပ်စရာမလိုတော့ပါဘူး။ လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ Stranger Things ရဲ့ Season 4 ထက်တောင် Wednesday ဇာတ်လမ်းတွဲက ကျော်တက်သွားခဲ့ပါပြီ။ Stranger Things ရဲ့ Season 4 ကိုကြည်ရှု့သူ ၁၄၀ မီလီယံရှိခဲ့ပေမယ့် Wednesdayကတော့ ၂၅၂ မီလီယံနဲ့ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။
Wednesday ဇာတ်လမ်းတွဲရဲ့ ထူးခြားတဲ့ တင်ဆက်မှု့တွေရယ်၊ သရုပ်ဆောင်ပိုင်း ကောင်းမွန်မှု့ရယ်တွေကြောင့် ဇာတ်လမ်းတွဲ အသစ်တစ်ခုအနေနဲ့ ထိပ်ဆုံးကို ရောက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ ၂၀၂၄ အစောပိုင်းမှာ Wednesday ရဲ့ Season 2 ထွက်ရှိလာမှာဖြစ်တဲ့ အတွက်ကြောင့် ကြည်ရှု့သူပေါင်း ဘယ်လောက်ထိရှိပြီး စံချိန်ချိုးဦးမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။