Black mamba မြွေကတော့ Elapidae မျိုးရင်းက လာတဲ့ အဆိပ်ပြင်းမြွေမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၈၆၄ ခုနှစ်မှာသတ္တဗေဒပညာရှင် Albert Gunther က ပထဆုံး တရားဝင် တင်တွင်းခဲ့ပါတယ်။ Black mamba ဟာ မြွေဟောက် ပြီးရင် ဒုတိယအရှည်ဆုံး အဆိပ်ပြင်းမြွေ ဖြစ်ပြီး အရွယ်ရောက်ပြီးတဲ့ Black mamba တစ်ကောင်ဟာ ပျမ်းမျှ ၂ မီတာ ( ၆ ပေ မှ ၇ ပေ ) ဝန်းကျင်ရှိပြီး အရှည်ဆုံး ၄.၅ မီတာအထိ ရှိကြပါတယ်။ အရေပြားအရောင်မှာ မီးခိုးရောင် မှ အညိုရောင်အထိ ကွဲပြားပြီး အရွယ်မရောက်မသေးတဲ့ Black mamba မြွေတွေကတော့ အရောင်ပိုဖျော့ လေ့ရှိပါတယ်။
Black mamba ဆိုတဲ့ နာမည်က Black ဟာ ဒီမြွေတွေရဲ့ အရေပြားအရောင်ကို ရည်ညွှန်းတာ မဟုတ်ဘဲ သူတို့ရဲ့ ပါးစပ်အတွင်းပိုင်းက အဆိပ်ထုတ်တဲ့ အာခေါင်ရဲ့ အရောင်ကို ရည်ညွှန်းပြီး နာမည်မှည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမြွေတွေကို ဆာဗားနား ရှိ သစ်တောများ ၊ ကျောက်ဆောင်ကျောက်တန်းများနဲ့ တောတောင် ထူထပ်တဲ့ နေရာအချို့မှာ တွေ့ရလေ့ ရှိပါတယ်။ ကုန်းမြေပေါ်မှာ မြန်ဆန်စွာ လှုပ်ရှားသွားလာနိုင်သလို သစ်ပင်ပေါ်တွေမှာပါ တွယ်တက်ရှင်သန်နေထိုင်နိုင်တဲ့ Black Mamba မြွေတွေဟာ ငှက်များနဲ့ မြေပြင်က နို့တိုက်သတ္တဝါတို့ကို အဓိက စားသုံးကြပါတယ်။ ဒါအပြင် သူတို့ရဲ့ အာခေါင်အတွင်းရှိ အဆိပ်ဟာ အာရုံကြော နဲ့ ကြွက်သားလှုပ်ရှားမှုကို ထိခိုက်စေပြီး အချိန်မှီ မကုသနိုင်ရင် အသက်ပါ ဆုံးရှုံးနိုင်တဲ့အထိ အဆိပ်ပြင်းကြပါတယ်။
Black mamba မြွေ ကိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ လူပေါင်းများစွာ ရှိခဲ့ပြီး ဒီမြွေတွေဟာ အဆိပ်ဓာတ်ထုတ်ပြီးနောက် ၁၀ မိနစ်အတွင်း ရောဂါလက္ခဏာများ ပြပါတယ်။ ဒါအပြင် အနက်ရောင် Mamba မြွေတွေရဲ့ ခန္ဓာကိုယ်ဟာ ရှည်လျားပြီး သွယ်လျတဲ့ ဆလင်ဒါပုံသဏ္ဍာန် ရှိပြီး တစ်နာရီ ၁၆ ကီလိုမီတာ အထိ ရွေ့လျားနိုင်တဲ့ အပြန်းမြန်တဲ့ မြွေမျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မီးခိုးရောင် ဖျော့ဖျော့ရှိတတ်တဲ့ Black mamba မြွေတွေကို တွေ့တဲ့အခါ ဝေးဝေးက ရှောင်ဖို့ လိုအပ်ပါတယ်။ ပျမ်းမျှအားဖြင့် ၁၁ နှစ်ထိ ရှင်သန်နိုင်ကြပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်တော့ မရှိသေးဘူး ဖြစ်ပါတယ်။